မြေယာကိစ္စများ ပူးပေါင်းဖြေရှင်းနိုင်ရန် KNU နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တို့ တွေ့ဆုံ

...

မြေယာကိစ္စများ ပူးပေါင်းဖြေရှင်းနိုင်ရန် KNU နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တို့ တွေ့ဆုံ

Karen News, 17 Dec 2016

URL: http://karennews.org/2016/12/knu-and-karen-state-government-meet-to-discuss-land-issues.html/
ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ဖြစ်ပေါ်နေဆဲနှင့် ဖြစ်ပေါ်လာမည့် မြေယာပြဿနာများကို ပူးပေါင်းဆောင်ရွက်ဖြေရှင်း
နိုင်ရေးအတွက် ဒီဇင်ဘာလ(၆)ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့
ကြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးစောမြင့်ဦးအပြင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် KNU တွဲဖက်အတွင်းရေးမှူးပဒိုမန်းမန်း၊သစ်တောဌာနတာဝန်ခံ ပဒိုမန်းဘ
ထွန်းတို့ ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးနှင့် ပတ်သတ်၍ ပဒိုမန်းမန်းက ကရင်သတင်းစဉ် သို့အောက်ပါအတိုင်းပြောပြခဲ့သည်။

“တွေ့ဆုံရတာကတော့ အဓိကအချက် ၂ချက် ရှိပါတယ်။ မြေယာပြဿနာကိုဘယ်လိုပူးပေါင်းဖြေရှင်းမလဲဆိုတဲ့တစ်ချက်နဲ့ အစိုးရ
မှာရှိတဲ့မြေယာမူဝါဒနဲ့ ကျွန်တော်တို့ရဲ့ မြေယာမူဝါဒတွေကို မူဒါအရ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်ပါတယ်ဟု ”ပြောပြခဲ့
သည်။

နှစ်ဖက်စလုံးက ဒီရည်ရွယ်ချက်များအောင်မြင်စေဖို့အတွက် လာမည့်ဇန်နဝါရီလတွင် အလုပ်ရုံဆွေးနွေးပွဲကဲ့သို့သောလက်တွေ့ကျ
တဲ့နည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း ပဒိုမန်းမန်းက ပြောပြခဲ့သည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို KNU လက်မှတ်ရေးထိုးပြီးနောက်မြေယာကိစ္စနှင့်ပတ်သတ်၍
KNUနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့တို့၏ ပထမအကြိမ်အလွတ်သဘောမျိုးတွေ့ဆုံဆွေးနွေးခြင်းဖြစ်သလိုမြေယာကိစ္စများအပြင်
ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး စောမြင့်ဦးက “ ဒီလိုတဖက်နဲ့တဖက် တွေ့ကြတော့လည်းငြိမ်းချမ်း
ရေးဖြစ်စဉ်တွေမှာ တိုးတက်မှုရှိလာတာပေါ့။ မြေယာပြဿနာက ပြည်နယ်ထဲမှာလည်းရှိတယ်။အရမ်းလည်း ကျယ်ပြန့်တယ်။အခု
ကတော့ ဘာမှဆုံးဖြတ်ချက်ချတာမရှိဘူး။အဲဒီတော့ နောက်ပိုင်းမှာပြန်တွေ့ကြပြီးတော့ အသေးစိတ်ပြန်ဆွေးနွေးဖို့ပြောဆိုထားတာ
တော့ရှိတယ် ” ဟုပြောကြားခဲ့သည်။

NCA စာချုပ်အကောင်အထည်ဖော်မှုများအရ မြေယာနှင့်သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာများမူဝါဒကိစ္စရပ်များမှာ နိုင်ငံရေးဆွေးနွေးမှု
၏တစိတ်တပိုင်းအနေအဖြစ် ဆွေးနွေးရန်အဓိကခေါင်းစဉ် ၅ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည်။

ထို့အတူ ယခုလက်ရှိတွင် ကရင်ပြည်နယ်အတွင်းနှင့် KNU ထိန်းချုပ်ရာနယ်မြေများတွင် မြေယာအငြင်းပွားမှု ပြဿနာများ ၊မြေယာ
သိမ်းဆည်းမှုပြဿနာများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ KNU အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ၊ဒီဇင်ဘာလအတွင်းကမြေယာမူဝါဒတစ်
ရပ်ကို အတည်ပြုရေးဆွဲကာ ၎င်းတို့လက်လှမ်းမီရာ ကရင်ဒေသများတွင် မြေယာမှတ်ပုံတင်နှင့် တိုင်းထွာမှုများ ပြုလုပ်ပေးလျှက်ရှိ
ကြောင်း သိရသည်။