မြန်မာနိုင်ငံရှိ လူငယ်များအတွက် ကရင်ရက်ဂေးအဆိုတော်၏ အမှာစကား -" ချစ်ကြပါ"

...

မြန်မာနိုင်ငံရှိ လူငယ်များအတွက် ကရင်ရက်ဂေးအဆိုတော်၏ အမှာစကား -" ချစ်ကြပါ"

Democratic Voice of Burma, 29 Dec 2016

URL: http://www.dvb.no/news/karen-reggae-singers-message-for-burmas-youth-one-love/73359
ရက်ဂေးအဆိုတော်စောဖိုးခွားသည် ဂီတဖျော်ဖြေပွဲများကို ပွဲစင်များနှင့် စတိတ်စင်များပေါ်တွင် ဖျော်ဖြေခဲ့သော်လည်း သူ၏ဂီတကို
မြန်မာနိုင်ငံတဝှမ်းရှိ စာသင်ကျောင်းဝင်းများတွင် ဖျော်ဖြေရန် မကြာသေးမီက ဆုံးဖြတ်ချက်ချခဲ့သည်။

ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သူ စောဖိုးခွားသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ တိုက်ပွဲဖြစ်ပွားရာနေရာဒေသများသို့
သွားရောက်ခဲ့ပြီး သူ၏နောက်ထပ်အစီအစဉ်မှာ ရခိုင်ပြည်နယ်သို့သွားရောက်ရန်ဖြစ်သည်၊ ထိုနေရာများတွင် သူ၏ရက်ဂေးသီချင်း
များမှတဆင့် ငြိမ်းချမ်းရေးအမှာစကားတစ်ခုကို ဖြန့်ဝေပေးလျှက်ရှိသည်။

“ ငြိမ်းချမ်းရေးအမှာစကားကို ဖြန့်ဝေပေးချင်ပါတယ်၊ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် ချစ်ခြင်းမေတ္တာထားရှိကြပါလို့ ပြောချင်ပါ
တယ် ” ဟု DVB သို့ ပြီးခဲ့သည့် လ တွင် ပြောပြခဲ့သည်။

သူ၏ One Love အမည်ရှိ ဂီတအဖွဲ့သည် စစ်ပွဲဖြစ်ပွားနေသော နေရာနှစ်ခုစလုံးရှိ စာသင်ကျောင်းနှင့် လူထုစင်တာများသို့ သွား
ရောက်ခဲ့ပြီး သူ၏တေးသီချင်းအယ်လ်ဘမ်မှ ရွေးချယ်ထားသော သီချင်းများဖြင့် ဖျော်ဖြေခဲ့သလို ယခင်နိုင်ငံရေးအကျဉ်းသားများ
ကို ၎င်းတို့၏ဘဝဇာတ်ကြောင်းများအား ဝေမျှပေးရန်အတွက် စင်ပေါ်သို့ ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့ ပစ်မှတ်ထားသည့် ပရိတ်သတ်
များမှာ ကလေးများဖြစ်ပြီး အသက် ၇ နှစ် မှ ၂၀ နှစ်အတွင်းဖြစ်သည်၊ နောင်လာမည့် မျိုးဆက်သစ်များသည် တိုင်းပြည်၏ ငြိမ်း
ချမ်းရေးတွင် တစိတ်တပိုင်းပါဝင်ကြမည့်သူများဖြစ်သည်။ ၎င်းမှပရိတ်သတ်များအား မေးခွန်းများမေးရန် ဖိတ်ခေါ်သောကြောင့်
လူငယ်လူရွယ်များအနေဖြင့် ခွင့်လွှတ်ခြင်းနှင့် ငြိမ်းချမ်းရေးအကြောင်းကို လေ့လာနိုင်ခဲ့သည်။ " ဒါကြောင့် ကလေးတွေက မေးခွန်း
တွေ မေးမြန်းကြတယ် " ဟု သူကရှင်းပြသည်။ "(ထောင်)ထဲမှာ နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက် ကလဲ့စားချေဖို့ မစဉ်းစားတော့ဘူး၊
ငြိမ်းချမ်းရေးနည်းလမ်း တစ်ခုထဲကိုပဲ ကျွန်တော်နှစ်သက်လာတယ် " ဟု နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောပြခဲ့သည်။

ယခင်စစ်အစိုးရလက်ထက်တွင် စောဖိုးခွားကိုယ်တိုင်လည်း အခက်အခဲကြုံခဲ့ရသူဖြစ်သည်။ သူ၏ သီချင်းစာသားများကို ပြန်ကြား
ရေးဝန်ကြီးဌာနက မကြာခဏ ဆင်ဆာဖြတ်ခဲ့သည်၊ သီချင်းအတော်များများ သူ၏အယ်လ်ဘမ်ထဲက ဖယ်ရှားခံခဲ့ရသည်။ " ဒါပေ
မ​ယ့် ကျွန်တော် ဘယ်တော့မှ အရှုံးမပေးပါဘူး " ဟု သူက အပြုံးဖြင့်ပြောပြခဲ့သည်။

ယခုအခါသူသည် သူ၏ဖျော်ဖြေမှုများကို ပုန်းရှိုးကွယ်ရှိုး လုပ်စရာမလိုတော့ပေ၊ အစိုးရမှ အကူအညီများနှင့် သတင်းထောက်များအား
ဝင်ရောက်ခွင့်ပေးရန် ပိတ်ပင်ထားသည့် ဝေးလံသော နေရာဒေသများနှင့် စစ်ဖြစ်ပွားရာနေရာများ၊ ပြည်သူလူထူမှ စိုးရိမ်ထိတ်လန့်မှု
များကြုံတွေ့နေရသည့် နေရာများသို့ သွားရောက်ချင်ခဲ့သည်။ " ကျွန်တော်တို့ ဖျော်ဖြေတဲ့ဂီတက ငြိမ်းချမ်းရေးသတင်းစကားနဲ့ တစ်
ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေကြဖို့အကြောင်းပါပဲ။"