မြန်မာ့အသေးစား စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ ယူအက်စ်ဒေါ်လာသန်း ၁၀၀ ချေးမည်

...

မြန်မာ့အသေးစား စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ ယူအက်စ်ဒေါ်လာသန်း ၁၀၀ ချေးမည်

Mizzima, 22 Dec 2016

URL: http://www.mizzima.com/business-domestic/world-bank-approves-us100-million-credit-myanmar-smes
မြန်မာနိုင်ငံရှိမိသားစုများ အခွင့်အလမ်းရရှိမှု တိုးတက်လာစေရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ငွေရေးကြေးရေးအကူအညီများ တိုးတက်
ရရှိလာစေရန်အတွက် ယူအက်စ်ဒေါ်လာ သန်း ၁၀၀ ချေးရန် ကမ္ဘာ့ဘဏ်၏ ဗဟိုအလုပ်အမှုဆောင်ဒါရိုက်တာများဘုတ်အဖွဲ့မှ ယနေ့အတည်ပြု
လိုက်သည်။

မြန်မာ့ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား ပံ့ပိုးပေးမှု တိုးလာစေရန်အတွက် ပြုပြင်ပြောင်းလဲမှု
များ ပြုလုပ်ရန် နှင့် နိုင်ငံတဝှမ်းတွင် ချေးငွေရရှိမှုနှင့် ငွေကြေးထုတ်လုပ်မှုစွမ်းအားများ ရရှိနိုင်စေဖို့အပါအဝင် ဘဏ္ဍာရေးကဏ္ဍတွင် တည်ငြိမ်ခိုင်
မြဲမှု တိုးတက်လာစေရန်အတွက် တိုးမြှင့်ပေးရန် နှင့် နိုင်ငံ၏အခြေတည်စ အသေးစားငွေကြေးမတည်မှုနှင့် အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန်
အတွက် ရည်ရွယ်သည်။

“ စီမံကိန်းက အိမ်ထောင်စုတိုင်း ငွေကြေးရရှိမှု အခွင့်အလမ်း တိုးလာစေဖို့ နဲ့ နိုင်ငံပိုင်ဘဏ်တွေက ပြန်လည်ဖွဲ့စည်းထားတဲ့ အသေးစား စက်မှု
လုပ်ငန်းတွေက ငွေကြေးရရှိမှု အခွင့်အလမ်း တိုးလာစေဖို့ ကူညီမှာပဲဖြစ်ပါတယ် ၊ ဘဏ္ဍာရေးကဏ္ဍရဲ့ ဥပဒေပိုင်းနဲ့ ထိန်းသိမ်းမှု မူဘောင်တွေ ခိုင်
မာတောင့်တင်းမှုရှိလာစေဖို့နဲ့ ဘဏ္ဍာရေးကဏ္ဍအခြေခံအဆောက်အဦးတွေကို ခေတ်မီတိုးတက်လာစေဖို့အတွက် ကူညီပေးမှာပဲ ဖြစ်ပါတယ်” ဟု
ဘဏ္ဍာရေးနှင့် စီမံကိန်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။ “ဒီပြုပြင်ပြောင်းလဲမှုတွေကို ဝန်ဆောင်မှုမရရှိတဲ့ နေရာဒေသတွေနဲ့
လူဦးရေအတွက် ဘဏ္ဍာရေးအခြေခံထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရရှိစေဖို့ တိုးချဲ့ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။”

“ မြန်မာနိုင်ငံအနေနဲ့ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာကြောင့်မို့လို့ နိုင်ငံတဝှမ်းလုံးမှာရှိ
တဲ့ ပြည်သူလူထုတွေအနေနဲ့ အခြေခံငွေရေးကြေးရေး ဝန်ဆောင်မှုတွေနဲ့ အသေးစားချေးငွေတွေ ရရှိမှာဖြစ်ပါတယ် ” ဟု အရှေ့တောင်အာရှအ
တွက် ကမ္ဘာ့ဘဏ်၏ နိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Ulrich Zachau ကပြောကြားခဲ့သည်။ ချေးငွေရရှိမှု အခွင့်အလမ်း တိုးတက်လာခြင်းဟာ ဝင်
ငွေပိုမိုမြင့်မားရရှိလာပြီး အလုပ်အကိုင်တွေ ပိုမိုရရှိဖို့ အခွင့်အလမ်းတိုးလာပါတယ်။ “ လယ်သမားတွေ၊ အသေးစားစက်မှုလုပ်ငန်းတွေနဲ့ ဝင်ငွေ
နည်းပါးတဲ့ မိသားစုတွေအတွက် အကျိုးအမြတ်ရရှိလာပါမယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ ဘဏ္ဍာရေး စီမံကိန်းကို ကူညီခွင့်ရတဲ့အတွက် ကျေနပ်ဝမ်း
မြောက်မိပါတယ်။”

ချေးငွေအား ဘဏ်၏ ဆင်းရဲမွဲတေမှုအရှိဆုံးသူများအတွက် ငွေကြေးရန်ပုံငွေတည်ထောင်ထားသည့် International Development Association
(IDA)ထံမှတဆင့် ရရှိမည်ဖြစ်သည်၊ IDAစည်းကမ်းသတ်မှတ်ချက်တွင် ချေးငွေပြန်ဆပ်ရန်(၃၆)နှစ် အချိန်ပေးထားပြီ နောက်ထပ် ၆နှစ် ထပ်မံရွှေ့
ဆိုင်းပေးအုံးမည်ဖြစ်ပြီး အတိုးပေးစရာမလိုပေ။