ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းအား ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်မည်

Karen News, 17 Jan 2017
URL: http://karennews.org/2017/01/karen-state-zwekabin-mountain-cable-car-project-starts-in-february-armed-groups-to-profit.html/
ကရင်ပြည်နယ်ရှိ အမည်ကျော်ကြားသည့် ဇွဲကပင်တောင်တွင် ကေဘယ်လ်ကားတည်ဆောက်ခြင်းကို ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၇ခုနှစ်တွင် ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီနှစ်ခုမှ
သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက် တည်ဆောက်ရေးကို ဖေဖော်ဝါရီလတွင် စတင်တော့မည်ဖြစ်သည်။
၎င်းကေဘယ်ကားစီမံကိန်းဖြစ်မြောက်ရေးအတွက် ဇွဲကပင်ဆရာတော် အရှင်ကဝိတဇ လမ်းညွှန်မှုဖြင့် တပည့်ဒါယိကာ၊ဒါယိကာမများက ဇွဲကပင်မြေ ဖွံ့ဖြိုးတိုးတက်ရေးကုမ္
ပဏီလိမိတက်တည်ထောင်ပြီး အကောင်အထည်ဖော်တည်ဆောက်နေ စဉ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူ ဥက္ကဌအဖြစ်တာဝန်ယူထားသည့် ချစ်
လင်းမြိုင်တိုယိုတာကုမ္ပဏီမှ စီမံကိန်းတစ်ခုလုံးပြီးစီးသည်အထိ အကျိုးတူပူးပေါင်းရန် ကမ်းလှမ်းလာသည့်အတွက် ယခုလို နှစ်ဖက်သဘောတူကာ စာချုပ်ချုပ်ဆိုလိုက်ခြင်း
ဖြစ်ကြောင်း ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီဥက္ကဌ စောချစ်သူကပြောသည်။
“ စီမံကိန်းဖြစ်မြောက်ဖို့ပါဝင်ချင်လို့ အခုတော့ ခွင့်ပြုချက်ရပြီ။ လုပ်ဖို့အတွက်က ၂၀၁၆ခုနှစ်လယ်တုန်းက ကေဘယ်လ်ကားပညာရှင်တွေဆက်သွယ်ပြီး လိုအပ်တော တိုင်း
တာပြီးကုန်ပါပြီ။ အမေရိကန်ဒေါ်လာသိန်း၁၂၀ကုန်မယ်။ ဒီနေ့စာချုပ်ချုပ်ပြီဆိုတော့ ၂ လပိုင်းကျရင် ဆောက်မယ့် ဂျပန်နဲ့သြစတေးလျနိုင်ငံက ပညာရှင်တွေနဲ့သွားပြီး လက်
မှတ်ထိုးဖို့ရှိတယ်။ အဲဒါပြီးရင် လုပ်ငန်းစတင်တော့မယ်ဟု ဗိုလ်မှူးကြီးစောချစ်သူက ကေအိုင်စီသို့ပြောသည်။
အဆိုပါချစ်လင်းမြိုင်ကုမ္ပဏီအနေဖြင့် ထိုစီမံကိန်းကို လက်မှတ်ရေးထိုးရာတွင် ကရင်လက်နက်ကိုင်များစည်းလုံးညီညွတ်ရေး ကော်မတီကိုယ်စား အမည်ခံ၍လက်မှတ်ရေးထိုး
ခြင်းသားဖြစ်ပြီး ကုမ္ပဏီအနေဖြင့်အကျိုးအမြတ်များရရှိပါက ကရင်လက်နက်ကိုင်အဖွဲ့များ အချင်းချင်းပြန်လည်ဝေမျှသွားမည့်အပြင် ယခုစီမံကိန်းတွင် ချစ်လင်းမြိုင်တိုယိုတာ
ကုမ္ပဏီဘက်မှ အမြတ် ၇၅ရာခိုင်နှုန်း နှင့် ဇွဲကပင်မြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ၂၅ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်ဟု ဥက္ကဌ စောချစ်သူကဆက်ပြောသည်။
ဘားအံမြို့ တောင်ဘက်(၇)မိုင်အကွာရှိ ဇွဲကပင်တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၄၃ ပေမြင့်ပြီး တောင်နှင့် မြောက် မိုင်၂၀ခန့်မျှ သွယ်တန်းရှည်လျားကာ တောင်
တက်တောင်ဆင်းခရီးကို ခြေလျှင်ဖြင့် ၃ နာရီကျော်ကြာ သွားရသည်ဟု သိရသည်။