မွန်အမျိုးသားနေ့ကျင်းပရေး မွန်ပြည်နယ်အစိုးရ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့မည်

...

မွန်အမျိုးသားနေ့ကျင်းပရေး မွန်ပြည်နယ်အစိုးရ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့မည်

Mon News Agency, 21 Jan 2017

URL: http://monnews.org/2017/01/20/mon-state-govt-provides-15-million-kyat-for-mon-national-day-celebration/
လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၀ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် ငွေကျပ်သိန်း ၁၅၀ထောက်ပံ့ပေးရန် မွန်ပြည်နယ်အစိုးရက
ဗုဒ္ဓဟူးနေ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“အစိုးရအဖွဲ့အစည်းအဝေးမှာ မွန်အမျိုးသားနေ့အတွက် ကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးဖို့ သဘောတူညီခဲ့ပါတယ်။ ကရင်နှစ်သစ်ကူးနေ့လိုပဲ မွန်အမျိုးသားနေ့မှာ
လဲ ထောက်ပံ့သင့်တယ်ဆိုပြီးအားလုံးက သဘောတူညီခဲ့တယ် ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဒေါက်တာမင်းကြည်ဝင်းကပြောသည်။

အဆိုပါထောက်ပံ့ငွေအား မည်သည့်နေရာတွင် မည်သည့်ခေါင်းစဉ် ဖြင့် သုံးစွဲရမည်ဆို အစီရင်ခံစာတင်သွင်းရမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက
ဆက်ပြောသည်။

မွန်အမျိုးသားနေ့ကျင်းပသည်မှာ နှစ်ပေါင်း၆၀နှစ်ကျော်ရှိပြီဖြစ်ပြီး အခမ်းအနားကို မွန်ပြည်နယ်တစ်ခုထဲသာမက မြန်မာနိုင်ငံတွင်းရှိ အခြားသော ပြည်နယ်နှင့်
တိုင်းများတွင်ပါကျင်းပပြုလုပ်ခဲ့ပြီး ပြည်ပရှိ မွန်လူမျိုးများနေထိုင်သည့်နေရာများတွင်လည်း ကျင်းပပြုလုပ်ခဲ့သည်။

မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးမိစန္ဒာနွန်က “ မွန်ပြည်နယ်အစိုးအဖွဲ့က ထောက်ပံ့တဲ့ငွေကို ဗဟိုအတွက်ပဲ သက်သက်မသုံး
ဘူး။ ဗဟိုနဲ့ မြို့နယ်တွေကြားမှာ ညီညွတ်မှုကိုဖော်ဆောင်နိုင်ဖို့အတွက် ထောက်ပံ့ငွေကို ၁၀ မြို့နယ်လုံးဝေမျှသွားမယ် ဟု ဆိုသည်။”

၆၉ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ကလောရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယခုနှစ် ၇၀ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်း
အနားကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောမြို့တွင် ကျင်းပမည်ဖြစ်သည်။

မွန်ပြည်နယ်အစိုးရမှ ထောက်ပံ့ငွေများအား အစိုးရ၏လုပ်ငန်း စဉ် အရ မွန်ပြန်နယ်အတွင်း မွန်အမျိုးသားနေ့အခမ်းအနားအတွက်သာ သုံးစွဲရသည့်အတွက် အ
ခြားသောပြည်နယ်များနှင့် တိုင်းများတွင် ကျင်းပမည့် မွန်အမျိုးသားနေ့သို့ မျှဝေသွားရန်မဖြစ်နိုင်ကြောင်း၊ အစိုးရထောက်ပံ့ငွေများအား မည်ကဲ့သို့ သုံးစွဲရမည်ကို
မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မိစန္ဒာနွန်က ဆက်ပြောသည်။