ကရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲပြီးဆုံး

...

ကရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲပြီးဆုံး

The Global New Light of Myanmar, 21 Jan 2017

URL: https://issuu.com/myanmarnewspaper/docs/21_jan_17_gnlm
ကရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသည် ဘားအံသီရိဟိုတယ်၌ ယမန်နေ့က အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးအခန်းကဏ္ဍပိုင်းဆိုင်ရာအဖွဲ့၊ စီးပွားရေးကဏ္ဍပိုင်းဆိုင်ရာအဖွဲ့၊ လူမှုရေး ကဏ္ဍပိုင်းဆိုင်ရာအဖွဲ့၊ မြေနှင့် သဘာဝသံယံဇာတကဏ္ဍပိုင်းဆိုင်ရာအဖွဲ့များ၏
ဆွေးနွေးမှုအကျဉ်း ချုံးများကို ဖတ်ပြခဲ့ပြီး ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ ကရင်လူငယ်များ၊ အဖွဲ့အစည်းကော်မတီ၊ ဒေသကြီးနှင့် ကရင်နိုင်ငံရေးပါတီများ စသည်တို့မှ
တင်သွင်းသည့် အဆိုပြုချက်များကို မှတ်တမ်းတင်ထားသည်။

တိုင်းရင်းသားအဖွဲ့(ကရင်)အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဇန်နဝါရီလ (၁၈ ရက်နေ့မှ ၂၀ ရက်နေ့)အထိ ကျင်းပပြုလုပ်ခဲ့
သည်။ ဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိခဲ့သည့် အခြေခံစံအမှတ်များကို ၂၁ရာစုပင်လုံညီလာခံတွင် တင်သွင်းမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် KNU ၊ DKBA ၊ KNU/KNLA-PC ၊ ကရင်နိုင်ငံရေးပါတီများ ၊ ဘာသာရေးခေါင်းဆောင်များ ၊ ကယား ၊ ကရင် နှင့် မွန်ပြည်နယ် နှင့် တနင်္သာရီ ၊ ပဲခူး ၊ ရန်ကုန်
နှင့် ဧရာဝတီတိုင်း ၊ ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများစသည်တို့မှ ကိုယ်စားလှယ်များ ၊ တိုင်းသားရင်းမျိုးနွယ်စုကိုယ်စားလှယ်များ၊ UPDJC အရာရှိများ ၊ ကရင်ပြည်နယ်အ
စိုးရအဖွဲ့နှင့်သံတမန်အဖွဲ့များမှ ကိုယ်စားလှယ်များစသည်ဖြင့် စုစုပေါင်းတက်ရောက်သူဦးရေ ၆၀၀ ခန့်ရှိသည်။