မြန်မာနှင့် ထိုင်းမှ နှစ်ဦးနှစ်ဖက်ပါဝင်သော စီးပွားရေးဆိုင်ရာ စာချွန်လွှာ(၁၆)ခု လက်မှတ်ရေးထိုး

...

မြန်မာနှင့် ထိုင်းမှ နှစ်ဦးနှစ်ဖက်ပါဝင်သော စီးပွားရေးဆိုင်ရာ စာချွန်လွှာ(၁၆)ခု လက်မှတ်ရေးထိုး

The Irrawaddy, 02 Feb 2017

URL: http://www.irrawaddy.com/news/burma/burma-and-thailand-sign-16-business-agreements.html
ထိုင်းနိုင်ငံ၊ ဒုဝန်ကြီးချုပ် Somkid Jatusripitak သည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။ ထိုင်းနှင့် မြန်မာအာဏာပိုင်များသည် နှစ်ဦးနှစ်ဖက်ပါဝင်သော စီးပွားရေးဆိုင်ရာ စာချွန်လွှာ(MOUs) (၁၆)ခု
ကို နေပြည်တော်၌ ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

စီးပွားရေးဆိုင်ရာစာချွန်လွှာ(၁၆)ခုတွင် စီးပွားရေးကဏ္ဍ ၆ ခုပါဝင်ပြီး ထိုင်းကုမ္ပဏီများ ၊ မြန်မာအစိုးရဝန်ကြီးများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)
တို့အတွင်း ပိုမိုကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ပေးရန်ဖြစ်သည်ဟု UMFCCI ၏ ဒုဥက္ကဌ ဦရဲမင်းအောင်က ပြောပြခဲ့သည်။ MOUs စာချွန်လွှာတွင် ဘဏ်လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများ ပူး
ပေါင်းဆောင်ရွက်ရန်လည်းပါဝင်သည်။

“ ဒါNLD အစိုးရလက်ထက်မှာ ထိုင်းနိုင်ငံနဲ့ လက်မှတ်ရေးထိုးတဲ့ ကြီးကြီးမားမား သဘောတူညီမှုပါပဲ ”ဟု ဦးရဲမင်းအောင်ကပြောသည်။ ဒီမှာတော့ ထိုင်းနိုင်ငံက ထိပ်သီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကြားမှာရှိပါတယ်၊
ဒီသဘောတူညီမှုတွေဟာ စီးပွားရေးပိုမိုပူးပေါင်းလုပ်ကိုင်စေဖို့ အားပေးမြှင့်တင်ပေးပါလိမ့်မယ်။”

အခြေခံအဆောက်အဦးများဖွံ့ဖြိုးတိုးတက်မှုသည် နောက်ထပ်ကဏ္ဍတစ်ခုဖြစ်ပြီး ယင်းအား လက်မှတ်ရေးထိုးရာတွင် အဓိက သဘောတူညီမှုများအဖြစ် မြင်တွေ့နိုင်သည်။

“ ဒီသဘောတူညီမှုတွေကို အစိုးရတစ်ခုကနေ အစိုးရတစ်ခုဆီ၊ ပြီးမှ အစိုးရကနေ စီးပွားရေးဆီသွားတာဖြစ်ပါတယ် " ဟု သူကပြောသည်။

“ စက်မှုလုပ်ငန်းတိုင်းက MOU ကို ယနေ့ လက်မှတ်ရေးထိုးခဲ့ကြတယ်။"

ဘဏ္ဍာရေးကဏ္ဍတွင် KBZဘဏ်သည် ငွေလွှဲပေးခြင်းဝန်ဆောင်မှုများ ပြုလုပ်ရန်အတွက် ထိုင်းအစိုးရနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည်ဟု KBZ ဘဏ်၏ အကြီးတန်းအရာရှိ ဦးညိုမြင့်ကပြောခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၆ -၂၀၁၇ဘဏ္ဍာနှစ်အတွင်း ယူအက်စ်ဒေါ်လာ ၁၀၆ သန်း ထိရှိသည်။ ထိုင်းနိုင်ငံသည် အခြား
နိုင်ငံများထက် မြန်မာနိုင်ငံတွင် နှစ်စဉ် ငွေအများအပြား ရင်းနှီးမြှုပ်နှံလျှက်ရှိသည်။ စင်ကာပူမှ (ဒေါ်လာ ၂.၆ ဘီလီယမ်) ၊ တရုတ်မှ (ဒေါ်လာ ၄၄၇ သန်း) နှင့် ဟောင်ကောင်မှ (ဒေါ်လာ ၁၈၇ သန်း) ရင်းနှီးမြှုပ်နှံသည်။