ဆန်းသစ်ပြောင်းလဲခြင်းများကို ကူညီပံ့ပိုးပေးရန်အတွက် ပရိဘောဂဒီဇိုင်းပြိုင်ပွဲ

...

ဆန်းသစ်ပြောင်းလဲခြင်းများကို ကူညီပံ့ပိုးပေးရန်အတွက် ပရိဘောဂဒီဇိုင်းပြိုင်ပွဲ

Myanmar Times, 07 Feb 2017

URL: http://www.mmtimes.com/index.php/business/24854-furniture-design-competition-to-bolster-innovation.html
မြန်မာ့အိမ်တွင်းအလှဆင်ဒီဇိုင်းနာများအဖွဲ့(AMID) မှ နောက်လတွင် ပထမဦးဆုံးနိုင်ငံတွင်း ဒီဇိုင်းပြိုင်ပွဲတစ်ရပ်ကျင်းပမည်ဖြစ်ကြောင်း AMID ၏အတွင်းရေးမှူးဖြစ်သူ ဦးသန်းစိုးဦးက ပြောသည်။

“ပရိဘောဂဒီဇိုင်းပြိုင်ပွဲက ပြည်တွင်းပရိဘောဂပစ္စည်းစျေးကွက် တိုးတက်လာအောင် ကူညီပါလိမ့်မယ်" ဟုဦးသန်းစိုးဦးက ပြောသည်။ " မြန်မာ့ပရိဘောဂစျေးကွက်က မဖွံ့ဖြိုးသေးပါဘူး။ ဆန်းသစ်
လှပတဲ့ဒီဇိုင်းတွေထုတ်လုပ်နိုင်ဖို့နဲ့ ပြည်တွင်းကုမ္ပဏီတွေအတွက် အဖိုးတန်တဲ့ ပရိဘောဂဒီဇိုင်းတွေ ထုတ်လုပ်နိုင်ဖို့ လူငယ်ဒီဇိုင်နာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးဖို့ လိုပါတယ်။”

ပြိုင်ပွဲဝင်အနိုင်ရ ၃ ဦးမှ ၎င်းတို့၏ဒီဇိုင်းများကို ပြည်တွင်းဖက်စပ်ကုမ္ပဏီများမှတဆင့် အကောင်အထည်ဖော်ပြီး ပစ္စည်းထုတ်လုပ်မည်ဖြစ်သည်။

“ အကောင်းဆုံးဒီဇိုင်းအတွက် ပြည်တွင်းကုမ္ပဏီတွေကို ကျွန်တော်တို့ တင်ဒါခေါ်ပါမယ် ၊ ကျွန်တော်တို့အသင်းအနေနဲ့ ဒီဇိုင်းပညာရှင်တွေနဲ့ ကုမ္ပဏီတွေကြားမှာ ဆက်ဆံရေး တည်ထောင်ပေးပါမယ်၊
စျေးနှုန်းကို သူတို့ဘာသာ သူတို့ညှိရမှာပါ ” ဟု သူကပြောပြခဲ့သည်။

“ တချို့အိမ်တွင်းအလှဆင်တဲ့ဒီဇိုင်နာတွေက ကွန်ပြူတာကနေပဲ ဒီဇိုင်းထွင်ကြတယ်။ ဒီဇိုင်းကနေ အမှန်တကယ်ပစ္စည်းကို ပြောင်းတဲ့အခါ ဖြစ်လာတဲ့ တကယ့်အခက်အခဲကို သူတို့မသိကြဘူး ” ဟု ဦး
သန်းစိုးဦးကပြောသည်၊ လူငယ်ဒီဇိုင်နာတွေအနေနဲ့ ပရိဘောဂထုတ်လုပ်မှုမှာ လက်တွေ့အတွေ့အကြုံနည်းပါးကြောင်း ထပ်မံပြောပြခဲ့သည်။ လူငယ်ဒီဇိုင်နာများအတွက် ထုတ်လုပ်မှုကဲ့သို့သော အခြား
စက်မှုလုပ်ငန်းပိုင်းများနှင့် ပိုမိုချိတ်ဆက်မှုပြုရန် အရေးကြီးလှသည်။ AMID မှ ပြိုင်ပွဲဝင်များအား လက်တွေ့လေ့လာမှုများလက်ခံရရှိနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစကားပြောနိုင်
ရန် စီစဉ်ထားသည်။

လက်ရှိပရိဘောဂစျေးကွက်သည် ပြန်လည်ဦးမော့ မလာသေးပေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံသည် အဖိုးတန်သောပရိဘောဂပစ္စည်းများကို ပြည်ပသို့ မတင်ပို့နိုင်သေး၍ဖြစ်သည်။ သို့သော်လည်း
တရားမဝင်သစ်ထုတ်လုပ်ခြင်းနှင့် ကျွန်းသစ်တင်ပို့ခြင်းများသည် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်၊ ထို့သို့လုပ်ဆောင်မှုများကို အဖွဲ့အစည်းများမှ အဟန့်တားခြင်းမရှိသောကြောင့်လည်းဖြစ်သည်။