မြေယာအငြင်းပွားမှုပြဿနာများအတွက် မြေယာဥပဒေနှစ်ခုကို ပြင်ဆင်မည်

...

မြေယာအငြင်းပွားမှုပြဿနာများအတွက် မြေယာဥပဒေနှစ်ခုကို ပြင်ဆင်မည်

Myanmar Times, 14 Feb 2017

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/24943-two-laws-to-be-amended-to-solve-land-disputes.html
မြေသိမ်းယူမှုများနှင့်ပတ်သတ်သည့် အငြင်းပွားမှုများကို ဖြေရှင်းပေးရန်နှင့် ပိုင်ရှင်မှန်များထံသို့ မြေယာများ ပြန်လည်ပေးအပ်ရာတွင် လုပ်ငန်းစဉ်များ ထိရောက်မြန်ဆန်စွာ လုပ်ကိုင်နိုင်ရန်အတွက်
ပြည်ထောင်စုအစိုးရသည် မြေယာနှင့်ဆက်နွယ်နေသည့် ဥပဒေနှစ်ခုကို ပြန်လည်ပြင်ဆင်မည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့သည်။

၎င်းတို့အစိုးရ တာဝန်ယူလုပ်ဆောင်သည့်အချိန်မှစတင်ကာ ဝန်ကြီးဌာနသည် မြေယာအငြင်းပွားမှုများကို နှစ်လမှ သုံးလကြာသည်အထိ ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ တိုင်စာအစောင်ရေတစ်ထောင်
ခန့် လက်ခံရရှိကြောင်း ပြောကြားခဲ့သည်။

သိမ်းယူထားသည့် မြေယာများအားပြန်လည်ပေးအပ်ခြင်းသည် ယခင် သမ္မတဦးသိန်းစိန်လက်ထက်တွင် အဓိကကျသည့် အကြောင်းကိစ္စတစ်ခုဖြစ်ခဲ့သည်။ ယမန်နှစ်တွင် အာဏာရရှိလာသည့် လက်
ရှိအစိုးရအထိတိုင်အောင် အငြင်းပွားမှုများ ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်တွင် စီမံကိန်းများအကောင်အထည်ဖော် တည်ဆောက်ရန်အတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များက မြေယာများသိမ်းဆည်းခဲ့သည်။
သို့သော်လည်း မြေကြီးမြေပုံစာရင်း မှန်ကန်မှုမရှိသောကြောင့် ဒေသတွင်းလယ်သမားများ၏လယ်မြေများကိုလည်း သိမ်းယူခဲ့ကြသည်။

ပြီးခဲ့သည့်ပထမအကြိမ်လွှတ်တော်နှင့် ဦးသိန်းစိန်အစိုးရသည် စီမံကိန်းအကောင်အထည်ဖော်ခြင်းမရှိသော မြေယာများကို မူလပိုင်ရှင်များထံပြန်လည်ပေးအပ်ရန် အကြံပြုခဲ့သည်။

သို့သော်လည်း မြေကြီးပုံမြေစာရင်းမမှန်ကန်မှုနှင့် မူလပိုင်ရှင်များတွင် ခိုင်လုံသော အထောက်အထားမရှိမှု စသည့်အခက်အခဲများကြောင့် အစိုးရသည် မြေအငြင်းပွားမှုများကို ဖြေရှင်းနေရသည်။

“ မကြာမီအတွင်းမှာ ပြည်သူ့လွှတ်တော်မှ လယ်ယာမြေဥပဒေကို ပြင်ပါမယ် ” ဟု ဒေါက်တာအောင်သူက ပြောကြားခဲ့သည်။

“ပြီးရင် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း(စီမံခန့်ခွဲမှု)ဥပဒေရဲ့ လိုအပ်ချက်ကိုလည်း ပြင်ပါ့မယ်” ဟု ဝန်ကြီးကဆိုသည်။

အဆိုပါမြေယာဥပဒေနှစ်ခုအား ပြင်ဆင်ကာ လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သော်လည်း မည်သည့်အချက်များကို ပြင်ဆင်မည်ဆိုသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် အစိုးရသည် သိမ်းယူထားသည့် မြေများကို ပြန်လည်ပေးအပ်ရန်အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်သကဲ့သို့ လက်ရှိအစိုးရသည်လည်း ပြန်လည်စိစစ်ရေးကော်မတီဖွဲ့စည်းကာ
ဆောင်ရွက်လျှက်ရှိသည်။

လယ်လုပ်သူ လယ်ပိုင်ခွင့်ကို ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်က ပြဋ္ဌာန်းသည့် လယ်ယာမြေဥပဒေ ထွက်ပေါ်လာမှသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က လယ်လုပ်သူ လုပ်ကိုင်ခွင့်သာရှိသောကြောင့် လယ်ယာမြေပိုင်ဆိုင်ရေးနှင့်ပတ်သတ်ပြီး တောင်သူများ စိတ်ဝင်စားမှု နည်းပါးခဲ့ကြသည်။