ထိုင်းလူ့အခွင့်အရေးကော်မရှင်မှ ထိုင်းကုမ္ပဏီနှစ်ခုအတွက် လာရောက်စုံစမ်းစစ်ဆေးမှုပြုလုပ်

...

ထိုင်းလူ့အခွင့်အရေးကော်မရှင်မှ ထိုင်းကုမ္ပဏီနှစ်ခုအတွက် လာရောက်စုံစမ်းစစ်ဆေးမှုပြုလုပ်

Myanmar Times, 06 Mar 2017

URL: http://www.mmtimes.com/index.php/business/25200-nhrc-looks-into-cross-border-rights-violations.html
သတင်းစာဆရာများ၊ သုတေသီများ၊ အရပ်ဖက်လူမှုကိုယ်စားလှယ်များနှင့်အတူ Tuenjai Deetes ဦးဆောင်သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့သည် ပြည်သူလူထုနှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု
များပြုလုပ်ရန်အတွက် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ထားဝယ်မြို့သို့ အလည်အပတ်ရောက်ရှိလာခဲ့ပြီး နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေသည့် ထိုင်းကုမ္ပဏီနှစ်ခုဖြစ်သည့် Myanmar Pongpipat ကုမ္ပဏီနှင့် Italian-
Thai Development ကုမ္ပဏီ တို့အား ရှေ့ဆက်စုံစမ်းမှုများပြုလုပ်သွားမည်ဖြစ်သည်။ အလည်အပတ်သွားရောက်ပြီးနောက် ထိုင်းနိုင်ငံ၏ အမျိုးသား လူ့အခွင့်အရေးကော်မရှင်(NHRC of Thailand)သည် အစီရင်ခံစာတစ်စောင်
ကို ထိုင်းနှင့် မြန်မာအစိုးရထံသို့ တင်သွင်းမည်ဖြစ်သည်။

အလည်အပတ်ရောက်ရှိစဉ်အတွင်းတွင် ကော်မရှင်အဖွဲ့သည် ထားဝယ်ရှိ ဒေသတွင်းပြည်သူလူထုနှင့်တွေ့ဆုံခဲ့ပြီး ကုမ္ပဏီနှစ်ခုကြောင့် ထိခိုက်ခဲ့သည့် လူထု၏ မကျေနပ်ချက်၊ နစ်နာချက်များကို နားထောင်ခဲ့သည်။

“ အဓိကပြဿနာကတော့ သတ္တုမိုင်းတွေကနေထွက်လာတဲ့ အနည်အနှစ်တွေကြောင့်ဖြစ်ပါတယ်၊ အဲဒါတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေပါတယ်။ ဒီဒေသမှာ အပြောင်းအလဲကြီးကြီးမားမားတွေဖြစ်လာပါတယ်။
မိုင်းနေရာတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားထား၊ မထားထား ဒါက အကြောင်းမဟုတ်ပါဘူး။

“ ပြဿနာက ဒီမိုင်းတွေက ပတ်ဝန်းကျင်နဲ့ မြေပြင်အနေအထားကို ပြောင်းလဲဖို့ မတတ်နိုင်ပါဘူး၊ ဒါကြောင့် ဆိုးကျိုးအနေနဲ့ ဒီဒေသမှာ နေထိုင်တဲ့သူတွေရဲ့ အသက်မွေးဝမ်းကြောင်းဘဝတွေကို ထိခိုက်မှုတွေဖြစ်ပေါ်လာစေခဲ့ပါ
တယ် ” ဟု သူမကပြောကြားခဲ့သည်၊ တနင်္သာရီဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ရှိ မြေဧက နှစ်ထောင်ပေါ်တွင် ၁၉၉၉ ခုနှစ်မှစတင်၍ Myanmar Pongpipat ကုမ္ပဏီ သည် ဟိန္ဒသတ္တုတွင်းကို လုပ်ကိုင်နေခဲ့သည်။

ကော်မရှင်အဖွဲ့သည် ပြည်သူလူထု၏ အကြံပြုချက်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ မြစ်ကို နဂိုအတိုင်းပြန်လည်ဖြစ်လာစေဖို့ သူမမှ တောင်းဆိုလိုက်သည်။

“ အရင်က ဒီမှာ မြစ်ရှိတယ်ဆိုတာ မယုံနိုင်စရာပါပဲ၊ တကယ်ကိုပဲ မြစ်ကို မတွေ့တော့တာပါ။ နေရာဒေသ နဲ့ မြစ်ကို နဂိုအတိုင်းပြန်လည်ဖြစ်အောင် အဓိကဦးစားပေးပြုလုပ်သင့်ပါတယ်။ အရင်က လူထုနဲ့ ရွာသူရွာသားတွေက
မြစ်ကို အသုံးပြုနိုင်ကြပြီး စားသောက်ဖို့အတွက် ငါးဖမ်းတယ်။ ဒါပေမယ့် အခုအခါမှာတော့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေ ပျောက်ကွယ်သွားပါပြီ” ဟု သူမကပြောခဲ့သည်။

ဟိန္ဒသတ္တုတွင်းကိစ္စအတွက် သူမမှ ကော်မတီခွဲကို ဦးဆောင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ကပြောခဲ့သည်။ ထိုင်းကုမ္ပဏီနှစ်ခုနှင့်ပတ်သတ်သည့် နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှုများနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့၏ အကောင်
အထည်ဖော် ဖြေရှင်းမှုများကို အဖွဲ့မှ ကြီးကြပ်ပြီး နောက်ဆက်တွဲလိုက်လံကြည့်ရှုမည်ဖြစ်သည်။

“ ထိုင်းလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဖြစ်တာကြောင့် မြန်မာ့လူ့အခွင့်အရေးကော်မရှင်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းသွားမှာပါ၊ဟိန္ဒအမှုအတွက်သူတို့ ဘာတွေလုပ်ပေးဖြေရှင်းပေးနိုင်သလဲဆိုတာရောပေါ့ ” ဟု ကော်မရှင်
က ရှင်းပြခဲ့သည်။
ဟိန္ဒနှင့် ဘဝပင်သတ္တုတွင်းများကို ဒေသတွင်းပြည်သူလူထုမှ ကာလကြာရှည်စွာ ကန့်ကွက်နေခဲ့သည်။ ကုမ္ပဏီများကြောင့် ရေထုညစ်ညမ်းခဲ့ပြီး လယ်ယာများ ပျက်စီးခဲ့ကြောင်း ၎င်းတို့က စွပ်စွဲထားသည်။

“ ကျွန်မအနေနဲ့ပြောရမယ်ဆိုရင်တော့ ထိုင်းကုမ္ပဏီတွေရဲ့ ဒီမှာ လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းကို ကျွန်မတို့ဆီ စာပေးပို့တဲ့ပြည်သူလူထုရဲ့ ယုံကြည်မှုကိုရရှိတာ ထိုင်းနိုင်ငံ NHRC အတွက် ကြီးကြီးမားမားဂုဏ်ယူမိပါတယ်။
မြန်မာ့လူ့အခွင့်အရေးကော်မရှင်ကိုလည်း ယုံကြည်မှုရှိကြဖို့ သူတို့ကို တိုက်တွန်းလိုက်ပါတယ် ” ဟု သူမကပြောကြားခဲ့သည်။