မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးကဏ္ဍသည်လည်းအရေးပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပြောကြား

...

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးကဏ္ဍသည်လည်းအရေးပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပြောကြား

Myanmar Times, 07 Mar 2017

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/25207-women-crucial-for-myanmar-s-development-state-counsellor.html
မြန်မာနိုင်ငံတွင် ကျားမအခွင့်အရေး တန်းတူညီတူရရှိသည်ဟု အများမှ ယူဆနေကြသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အခွင့်အရေးတန်းတူရတယ်လို့အမျိုးသမီးတွေက ထင်ကြတယ်။ ဒါပေမယ့် ဒါဟာမမှန်ဘူးဆိုတာ ကျွန်မတို့သိကြပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံမှ အမျိုးသမီးစွန့်ဦးတီထွင်
လုပ်ငန်းရှင်တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင်အမျိုးသမီးများသည် တတ်နိုင်သမျှအရာအားလုံးကို အမျိုးသားများနှင့် တန်းတူရင်ဘောင်တန်းအလုပ်လုပ်နေကြကြောင်း သူမကပြောကြားခဲ့သည်။

“ ကျွန်မတို့သမိုင်းကို ပြန်ကြည်မယ်ဆိုရင် အမျိုးသမီးတွေက တတ်နိုင်တဲ့ဘက်ကနေ နည်းလမ်းပေါင်းစုံနဲ့ အလုပ်လုပ်ကိုင်တာကို တွေ့ရပါတယ်။ အစကတည်းကအမျိုးသမီးတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ပါ
ဝင်လုပ်ကိုင်နေတာကိုလည်း ကျွန်မတို့ တွေ့ရပါတယ်။

“ ဒါကြောင့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီနေ့တွေ့ဆုံစကားပြောရတာပါပဲ၊ အမျိုးသမီးတွေရဲ့ ရင်ဖွင့်သံကိုကြားရတာ အလွန်ကို သင့်လျော်မှုရှိလှပါတယ် " ဟု နေပြည်တော်ရှိ Kempinski ဟိုတယ်တွင်
ကျင်းပပြုလုပ်သည့် အမျိုးသမီး လုပ်ငန်းရှင်အယောက်(၁၀၀)ပါဝင်သည့် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် စီးပွားရေးကျွမ်းကျင်ပညာရှင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်နှင့် အလုပ်သမား၊လူဝင်မှုကြီး
ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီး ဦးသိန်းဆွေတို့တက်ရောက်ခဲ့ကြသည်။

အမျိုးသမီးများ စီးပွားရေးလုပ်ကိုင်ရာတွင် အတားအဆီးများနှင့် ရင်ဆိုင်ကြကြောင်း ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့သည်။

“ အမျိုးသမီးတွေက ရှေးနှစ်ပေါင်းများစွာကတည်းက စီးပွားရေးလုပ်ငန်းမှာ ခေါင်းဆောင်ကဏ္ဍပိုင်းမှာပါ နေရာယူပြီးသားပါ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဒီအပိုင်းမှာ ဆက်လက်ပါဝင်သွားသင့်ပါတယ်။ ဒီနေ့
ဆွေးနွေးပြောဆိုတာအလွန်ပဲကောင်းမွန်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။"

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များသည် ဆွေးနွေးပွဲတွင် အမျိုးသမီးအခွင့်အရေး၊ ကောင်းမွန်သောစီးပွားရေးပတ်ဝန်းကျင်တည်ဆောက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ
အနေတိုးတက်မှု စသည်တို့ကို အဓိကထားဆွေးနွေးခဲ့သည်။