တရားဥပဒေပညာလမ်းကြောင်းဆီသို့ လျှောက်လှမ်းခြင်း

Myanmar Times, 09 Mar 2017
URL: http://www.mmtimes.com/index.php/special-features/educentre/25300-walking-the-road-to-rule-of-law.html
ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်နေသောမြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးအတွက် တရားရေးရာကျွမ်းကျင်ပညာရှင်များ မရှိမဖြစ်လိုအပ်လျှက်ရှိပြီး ပြည်သူများ တရားဥပဒေစိုးမိုးမှုအောက်တွင် လုံခြုံမှုအပြည့်အဝ
ရရှိနေထိုင်နိုင်ရန်အတွက်လည်း တရားရေးရာကျွမ်းကျင်ပညာရှင်များ လိုအပ်နေပါသည်။
မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍ နှစ်ပေါင်းအတော်ကြာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ရှိအစိုးရလက်ထက်တွင် တိုင်းပြည်၌ ဥပဒေဆိုင်ရာ ပြောင်းလဲမှုများပြုလုပ်ရန်အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပြည်သူလူထုမှ တရားဥပဒေများကို
လိုက်နာရန်လိုအပ်ပါသည်။ ထိုသို့လိုက်နာနိုင်ရန်အတွက် တစ်ဦးတစ်ယောက်အနေဖြင့်ဥပဒေများကို သိရှိနားလည်ဘောပေါက်စေရန် လိုအပ်ပါသည်။
ယခုအခါပြည်သူများအား ၎င်းတို့၏ ဥပဒေဆိုင်ရာအခွင့်အရေးနှင့် ကန့်သတ်မှုများကို ပို့ချပေးရန်နှင့် ကာကွယ်မှုပေးနိုင်ရန်အတွက် ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များ ပိုမိုလိုအပ်နေပါသည်။ ဥပဒေရေးရာဖြင့်
အသက်မွေးမည့်သူတစ်ယောက်ဖြစ်လာရန်အတွက် စတင်လျှောက်လှမ်းရမည့်လမ်းမှာ ဥပဒေကျောင်းများတွင် ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သည့် ကျောင်းသားတစ်ယောက်သည် ဥပဒေပညာရှင်ဖြစ်လိုပါက မြန်မာနိုင်ငံတွင် လမ်းကြောင်း(၂)ခုရှိပါသည်။ ၅ နှစ်တက်ရောက်ရမည့် ဥပဒေအဓိကဘာသာရပ်အတွက်
နေ့စဉ်တက်ရောက်ရသည့်တက္ကသိုလ်(Day University)ကိုသော်လည်းကောင်း၊ အဝေးသင်တက္ကသိုလ်( Distance University) ကိုသော်လည်းကောင်း ရွေးချယ် တက်ရောက်နိုင်ပါသည်။
ဥပဒေဘာသာရပ်သည် မြန်မာနိုင်တဝှမ်းရှိ တက္ကသိုလ်များတွင် သင်ကြားပေးနေသည့် ဝိဇ္ဇာဘာသာရပ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(ဆယ်တန်းစာမေးပွဲ)တွင် အမှတ်(၃၀၀)
ကျော်ရရှိမှသာ ဥပဒေမေဂျာကို တက်ရောက်ခွင့်ရသည်။ တိုင်းနှင့်ပြည်နယ်များတွင် တည်ရှိသည့် တက္ကသိုလ်များအပေါ်မူတည်၍ ဝင်ခွင့်အမှတ်သည် တစ်နှစ်နှင့်တစ်နှစ်မတူညီကြပေ။
၂၀၁၆-၂၀၁၇ သင်ရိုးညွှန်းတမ်းနှစ်တွင် နေ့တက္ကသိုလ်များအတွက် ဝင်ခွင့်အမှတ်သည်(၃၅၀)မှတ်ဖြစ်ပြီး အဝေးသင် ဝင်ခွင့်အမှတ်မှာ(၃၀၀)မှတ်ဖြစ်သည်။ ဥပဒေမေဂျာတွင် နေ့ကျောင်းသားများအတွက် အခြား
သောကြိုတင်သတ်မှတ်ထားချက်များမရှိသော်လည်း အဝေးသင်ကျောင်းသားများအတွက် ဥပဒေမေဂျာတက်ရောက်ရန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်စာအမှတ်သည်(၅၀)ကျော် ရရှိရမည်ဖြစ်သည်။
အဝေးသင်ပညာရေးတွင် ဥပဒေကျောင်းသားများသည် အိမ်စာများလုပ်ရမည်ဖြစ်ပြီး နှစ်တိုင်း တစ်နှစ်လျှင်(၁၀)ရက်သာ တက်ရောက်ရမည်ဖြစ်သည်။ သို့သော် နေ့ကျောင်းသားများမှာမူ ဥပဒေဘာသာရပ်အား
တက္ကသိုလ်ပညာသင်နှစ်တောက်လျှောက် တက်ရောက်ဆည်းပူးရမည်ဖြစ်သည်။
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်(၄၈)ခုရှိသည်။ သို့သော်လည်း ဥပဒေမှာ (၁၆)ခုသာ ရှိသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် ဘာသာရပ် ၅ ခု ၌ အမှတ် ၆၅ မှတ်
ကျော်ရရှိပါက LL.M. (Master of Law)ဟု ခေါ်ဆိုသည့် မဟာတန်းကို ဆက်လက်တက်ရောက်နိုင်သည်။
ရှေ့နေ့တစ်ဦး သေချာပေါက်ဖြစ်လာရန် ရည်ရွယ်မထားသော်လည်း ဥပဒေဘာသာရပ်ကို သင်ယူရန် စိတ်ဝင်စားမှုရှိပါက “Diploma in Business Law” ဟု အမည်ပေးထားသော ဒီပလိုမာသင်တန်းနှစ်ခုသို့တက်
ရောက်သင်ယူနိုင်သည်။ တစ်ခုမှာ အဆင့်မြင့်ပညာရေးဌာနနှင့် ဥပဒေရေးရာဌာနမှ ပူးတွဲဖွင့်လှစ်သည့် ဥပဒေပညာသင်တန်းဖြစ်ပြီး နောက်တစ်ခုမှာ လူ့အရင်းအမြစ်ဌာနမှ ဖွင့်လှစ်သည့် သင်တန်းဖြစ်သည်။
“ နောက်ထူးခြားတာ တစ်ခုကတော့ ရန်ကုန်တက္ကသိုလ်က ပြုလုပ်ထားတဲ့ အွန်လိုင်းဥပဒေဘာသာရပ်ကို အွန်လိုင်းကနေ သင်ယူနိုင်တာပါပဲ။ အဲ့ဒီမှာ အပြန်အလှန်သင်ကြားမှုဖြစ်တဲ့ အမေး၊အဖြေတွေလည်း ပါ
ဝင်ပါတယ်။ ဥပဒေဘာသာရပ်ကို အွန်လိုင်းမှာ တဖက်က သင်ယူနိုင်ပြီး အွန်လိုင်းမှာပဲ စာမေးပွဲဖြေဆိုနိုင်ပါတယ် ” ဟု စစ်တွေတက္ကသိုလ်မှ ဥပဒေဌာန လက်ထောက်ဌာနမှူးဖြစ်သူ ဦးကျော်လွင်ကပြောခဲ့သည်။
“ဒါပေမယ့် စာရင်းသွင်းတာနဲ့ စာအုပ်ဖိုးတွေအတွက် သွင်းရမယ့်ငွေကတော့ ရန်ကုန်တက္ကသိုလ် အဝေးသင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက် ပေးသွင်းရပါမယ်။
“ မေးခွန်းများမေးမြန်းပြီးတဲ့ နောက်မှာတော့ အွန်လိုင်းမှာ စာမေးပွဲဖြေလို့ရပါပြီ။ အွန်လိုင်းစာမေးပွဲအောင်တယ်ဆိုရင် ဒီဂရီ ရပါပြီ။ ”
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်သည် နှစ်စဉ်နှစ်တိုင်း ဥပဒေဘွဲ့ရ ထောင်ပေါင်းများစွာကို မွေးထုတ်ပေးနေသော်လည်း အခြားမြို့နယ်များရှိ တက္ကသိုလ်များမှ ဥပဒေဘွဲ့ရအရေအတွက်မှာ နည်းပါးနေ
သေးကြောင်း ဦးကျော်လွင်ကပြောသည်။
၂၀၁၆- ၂၀၁၇ ပညာသင်နှစ်၌ စစ်တွေတက္ကသိုလ်တွင် ဥပဒေနေ့ကျောင်းတက် ကျောင်းသားနှင့် အဝေးသင်ကျောင်းသား စုစုပေါင်းအရေအတွက်မှာ (၇၆)ဦး သာရှိသည်။ ယခုနှစ်၌ ရန်ကုန်တက္ကသိုလ်တွင် နေ့
ကျောင်းတက် ဥပဒေကျောင်းသား(၅၀)ဦးရှိပြီး အဝေးသင်ဥပဒေကျောင်းသား(၁၀၀)ကျော်ရှိသည်။
LL.B. (Bachelor of Law) ဘွဲ့ရရှိပြီးနောက် ဘွဲ့ရကျောင်းသားသည် နိုင်ငံတော်တရားရုံးချုပ်သို့ လျှောက်လွှာတင်သွင်းပြီးနောက် အလုပ်သင်ရှေ့နေအဖြစ် စတင်အလုပ်လုပ်ရမည်ဖြစ်သည်။
“ ဘွဲ့ရပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ အလုပ်သင်အနေနဲ့ တရားရုံးတွေမှာ အလုပ် လုပ်နိုင်ပါပြီ ”ဟု ဒုတိယနှစ်ဥပဒေကျောင်းသား မောင်အောင်သူဟိန်းကပြောသည်။
မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဆင့်ဖြစ်သည့် ဗဟိုတရားရုံးရှေ့နေတစ်ဦးသည် နိုင်ငံရှိ တရားရုံးအားလုံးတွင် တရားစွဲဆို ဆောင်ရွက်နိုင်သည်။
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ချင်သော အခြားနိုင်ငံများမှ ရှေ့နေများအတွက် အလားတူပင်ဖြစ်သည်၊ ၎င်းတို့သည်လည်း နိုင်ငံတော်တရားရုံးချုပ်တွင် စာရင်းသွင်းရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် ဥပဒေဘွဲ့ရကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းအများအပြားရှိသည်။ ပုဂ္ဂလိကဥပဒေရေးရာအဖွဲ့များလည်းရှိပြီး ကုမ္ပဏီများ၊ မီဒီယာနှင့် အများအပြားရင်းနှီးမြှုပ်နှံထားသည့် စီ
မံကိန်းများတွင် ဥပဒေအကြံပေးအဖြစ်အလုပ်အကိုင်များ ရရှိနိုင်သည်။
မြန်မာနိုင်ငံတဝှမ်းရှိ တက္ကသိုလ်များတွင် နှစ်စဉ်နှစ်တိုင်း ဥပဒေဘွဲ့ရများအား မွေးထုတ်ပေးလျှက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံတွင် တရားရုံးချုပ်ရှေ့နေ (၄၀၀၀၀) ကျော်ရှိပြီး ရှေ့နေချုပ်ရုံးရှေ့နေ (၁၁၀၀၀) ကျော်
ရှိသည်ဟု တရားရုံးချုပ်ရှေ့နေစာရင်းသွင်းမှုအရေအတွက်နှင့် ရှေ့နေချုပ်ရုံး ရှေ့နေ စာရင်းသွင်းမှုအရေအတွက် စာရင်းဇယားအရ သိရှိရသည်။
ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်နေသောမြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးအတွက် တရားရေးရာကျွမ်းကျင်ပညာရှင်များ မရှိမဖြစ်လိုအပ်လျှက်ရှိပြီး ပြည်သူများ တရားဥပဒေစိုးမိုးမှုအောက်တွင် လုံခြုံမှုအပြည့်အဝရ
ရှိနေထိုင်နိုင်ရန်အတွက်လည်း တရားရေးရာကျွမ်းကျင်ပညာရှင်များ လိုအပ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ဦးဆောင်မှုပြုမည့် လူငယ်လူရွယ်များသည် ဥပဒေပညာရှင်အဖြစ်အသက်မွေးမှုပြုသည်
ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဥပဒေပညာကို သင်ယူရန်လိုအပ်ပါသည်။