မွန်ပြည်နယ်နေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလက်တွဲဖော်ဆောင်ကြရန် သမ္မတပြောကြား

...

မွန်ပြည်နယ်နေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလက်တွဲဖော်ဆောင်ကြရန် သမ္မတပြောကြား

Eleven Myanmar, 20 Mar 2017

URL: http://www.elevenmyanmar.com/politics/8392
မွန်ပြည်နယ်နေ့အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးဦးအေးစန်းမှ မိန့်ခွန်းပြောကြားခဲ့ပြီး သဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမင်းကြည်ဝင်းက သမ္မတဦးထင်ကျော်၏ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့သည်။

အခမ်းအနား၏ တစိတ်တပိုင်းအနေဖြင့် ဆုများပေးအပ်ခဲ့ပြီး မွန်၊ ကရင်နှင့် ပအို့တိုင်းရင်းသားအဖွဲ့များမှ ၎င်းတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေဧည့်ခံခဲ့သည်။

သမ္မတဦးထင်ကျော်၏ သဝဏ်လွှာတွင် မွန်တိုင်းရင်းသားများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၁ ရာစုပင်လုံညီလာခံတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာမယ်ဟု မျှော်လင့်
ကြောင်း သမ္မတက ပြောကြားခဲ့သည်။

ဦးအေးစန်းမှ အစိုးရသည် ခေတ်သစ်တွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြောင်း၊ ရွေးကောက်ခံလွှတ်တော်အမတ်များသည် အမျိုးသားရင်ကြားစေ့ရေး ၊ ငြိမ်းချမ်း
ရေးနှင့် အခြေခံဥပဒေအပါအဝင် အကြောင်းကိစ္စရပ်များအပေါ် မူဝါဒများ အကောင်အထည်ဖော်ချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ထိုသို့ ကြိုးပမ်းအားထုတ်ခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စု အောင်အောင်မြင်မြင်ပေါ်
ထွက်လာစေဖို့ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကြာရှည်စွာစောင့်မျှော်နေတဲ့ ဒီမိုကရေစီကျတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့အတွက် အဓိကကျတဲ့ မူဝါဒတွေ ထွက်ပေါ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် " ဟု ဦးအေးစန်းက ပြောခဲ့သည်။ “ ငြိမ်း
ချမ်းရေးလမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီဖြစ်တဲ့ မွန်တိုင်းရင်းသားအဖွဲ့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ ဖွံ့ဖြိုးတက်ရေးတွေမှာ ကျွန်
တော်တို့နဲ့အတူတကွလက်တွဲလုပ်ဆောင်မယ်ဆိုရင် မွန်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုဘဝတွေ မြင့်တက်လာမှာပဲဖြစ်ပါတယ်။”

“တက်ရောက်လာသူများအားလုံး အတူတကွလက်တွဲပြီး ၂၁ ရာစုပင်လုံညီလာခံကိုတက်ရောက်ကြဖို့နဲ့ ငြိမ်းချမ်းရေးရရှိအောင် ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။”