မူလတန်းကျောင်းသင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေး ဘာသာရပ် ထည့်သွင်းမည်

...

မူလတန်းကျောင်းသင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေး ဘာသာရပ် ထည့်သွင်းမည်

Myanmar Times, 27 Mar 2017

URL: http://www.mmtimes.com/index.php/national-news/25465-primary-school-curriculum-to-include-human-rights-subject.html
နောင်နှစ်တွင် Grade 2 ကျောင်းသားများအတွက် လူ့အခွင့်အရေးနှင့်ပတ်သတ်သည့်ဘာသာရပ်တစ်ခုကို ကျောင်းစာသင်ရိုးညွှန်းတမ်းသစ်တွင်ထည့်သွင်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ၏အမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)နှင့် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် တွေ့ဆုံခဲ့ပြီး မူလတန်းကျောင်းသားများအတွက် လူ့အ
ခွင့်အရေးကို ကျောင်းစာတွင် ဘာသာရပ်တစ်ခုအနေဖြင့်ထည့်သွင်းရန် ဆွေးနွေးခဲ့သည်။

ဝန်ကြီးဌာနသည် အခြေခံပညာရေးအဆင့်အား မူလတန်မှ ၁၂ တန်းအထိသင်ကြားရသည့် ပညာရေးစနစ်သစ်ကို ၂၀၁၆- ၁၇ ပညာသင်နှစ်တွင်အကောင်အထည်ဖော်ခဲ့ပြီး KG အတန်းအတွက်
သင်ရိုးမာတိကာအသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

Grade 1 ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းသစ်ကို ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး Grade 2 ကျောင်းသားများအတွက် ဆက်လက်အကောင်ထည်ဖော်
သွားမည်ဖြစ်သည်။

“Grade 2 ကျောင်းသားတွေအတွက် ပညာရေးသင်ရိုးညွှန်းတမ်းသစ်တစ်ခုကို ကျွန်တော်သို့ ပုံစံထုတ်ဖို့ ကျွန်တော်တို့ စီစဉ် နေပါတယ် ၊ စတော့မစရသေးပါဘူး ” ဟု ဒေါက်တာခိုင်မြဲကပြောသည်။

လူ့အခွင့်အရေးနှင့်ပတ်သတ်သည့်ဘာသာရပ်ကို MNHRC နှင့်အတူ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JICA)မှ ပူးတွဲရေးဆွဲမည်ဖြစ်သည်။

“ငယ်ငယ်ကတည်းက လူ့တန်ဖိုးနဲ့ လူ့အခွင့်အရေးအကြောင်းကို သိတဲ့တစ်ယောက်ဟာ လမ်းကြောင်းမှန်အတိုင်းရှင်သန်နေထိုင်နိုင်တယ်။ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေလည်း မှန်ကန်ပါလိမ့်မယ်
” ဟု လူ့အခွင့်အရေးပညာရေးသည် ဘာကြောင့် အရေးကြီးကြောင်းကို MNHRC မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင်ကရှင်းလင်းပြောကြားခဲ့သည်။

MNHRC သည် Grades 2, 3 နှင့် 4 ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းဘာသာရပ်နှင့်ပတ်သတ်သည့် အချက်အလက်များကို ကောက်ယူစုဆောင်းနေကြောင်း ၎င်းကပြောခဲ့သည်။

“ ကျွန်တော်တို့ သင်ရိုးညွှန်းတမ်းကို မူကြမ်းရေးဆွဲပြီးပါပြီ။ ဝန်ကြီးဌာနကအရာရှိတွေနဲ့ တွေ့ဖို့ပဲလိုပါတော့တယ်။ ကျွန်တော်တို့ဘာကိုသင်ကြားသင့်တယ်ဆိုတာကို ညှိနှိုင်းဆွေးနွေးသွားမှာပါ” ဟု
ဦးစစ်မြိုင်ကပြောခဲ့သည်။

Grades 2, 3 နှင့် 4 ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းမူကြမ်းကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် အပြီးသတ်ရေးဆွဲပြီးစီးခဲ့သည်။