ရန်ကုန်-ပဲခူး မဟာစီမံကိန်းစတင်ရန် ပြင်ဆင်နေ

...

ရန်ကုန်-ပဲခူး မဟာစီမံကိန်းစတင်ရန် ပြင်ဆင်နေ

Eleven Myanmar, 07 Apr 2017

URL: http://www.elevenmyanmar.com/business/8748
ရန်ကုန်- ဟံသာဝတီ-ပဲခူး နှင့် ရန်ကုန် အနောက်တောင်ပိုင်း စင်္ကြန်လမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် Korea International Cooperation Agency (KOICA)တို့မှ ရေးဆွဲမည်ဖြစ်ကြောင်း အစိုးရက ကြေငြာခဲ့သည်။

စီမံကိန်းဖော်ဆောင်ရေးကော်မတီကို ရန်ကုန်နှင့် ပဲခူးတိုင်းရှိ အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှာ ကိုယ်စားလှယ်များ၊ KOICA စသည်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

မဟာစီမံကိန်းကို ရေးဆွဲရန်အတွက် စီမံကိန်းဖော်ဆောင်ရေးကော်မတီမှ အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာရေးပိုင်းဆိုင်ရာအဖွဲ့များ တည်
ထောင်ပေးခြင်းနှင့် ၎င်းတို့အားကြီးကြပ်ခြင်းနှင့် တာဝန်ပေးခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများသည် မူဝါဒများ၊ ဥပဒေများနှင့် ကိုက်ညီမှုရှိမရှိသေချာစေရန် ကော်မတီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်
သည်။