နိုင်ငံသစ်သို့ သွားရာလမ်း (သို့) NLD အစိုးရသက်တမ်း တစ်နှစ်ကို ဆန်းစစ်ခြင်း

The Irrawaddy, 07 Apr 2017
URL: https://www.irrawaddy.com/opinion/commentary/the-path-to-a-new-country-looking-back-on-one-year-of-nld-rule.html
သက်တမ်းတစ်နှစ် ကုန်ဆုံးသွားပြီဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ရွေးချယ်တင်မြှောက်ခြင်းခံ အရပ်သားဦးဆောင်သော အစိုးရသည် ၎င်း၏
ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ခြင်း ရှိ-မရှိနှင့် ပတ်သတ်ပြီး လူအများက မေးခွန်းထုတ်နေကြပြီဖြစ်သည်။
သေချာသောအချက်တစ်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသည် ငြိမ်းချမ်းရေးရရှိရေး၊ အမျိုးသားပြန်
လည်သင့်မြတ်ရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးတို့အတွက်သာမက နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှစ်စနစ်အ
လွန်တွင် ဖရိုဖရဲဖြစ်နေသော နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွံ့ဖြိုးရေးအတွက်ပါ ရုန်းကန်နေရဆဲဖြစ်သည် ဟူသော အချက်ဖြစ်သည်။
ယခင်အစိုးရများနှင့်နှိုင်းယှဉ်လျှင် မြန်မာပြည်သူအများစုအနေဖြင့် လက်ရှိအစိုးရကို အသိအမှတ်ပြုရမည့် တန်ဖိုးအရှိဆုံးအချက်မှာ သက်တမ်း
တစ်နှစ်ကြသည်အထိ လက်ရှိဝန်ကြီးများသည် အဂတိလိုက်စားမှု ကင်းရှင်းနေဆဲဖြစ်သည် ဟူသောအချက်ပင်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်ခေါင်းဆောင်သော ယခင်အရပ်သားတပိုင်း အစိုးရအောက်တွင် အမြဲစိုးရိမ်နေရသောအချက်မှာ စစ်သားဟောင်း
များဦးဆောင်သော ပြုပြင်ပြောင်းလဲရေးသည် အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်သည်ဟူသော အချက်ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀
ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရတက်လာသောအခါ ထိုအိမ်မက်ဆိုးမှာ ဦးသိန်းစိန်အစိုးရနှင့်အတူ ပျောက်ကွယ်သွား
သည်။
ထိုမှစ၍ NLD အစိုးရ၏ စွမ်းဆောင်ရည်၊ မူဝါဒများ၊ ခေါင်းဆောင်မှုပုံစံ၊ ရှောင်လွှဲမရနိုင်သော ယခင်အစိုးရ၏ အမွေများနှင့် အဖျက်အင်အား
စုများ ဆက်လက်တည်ရှိနေခြင်းတို့နှင့် ပတ်သတ်ပြီး အောင်မြင်မှု၊ ကျဆုံးမှုများကို ဆန်းစစ်ခဲ့ကြသည်။
မလိုလားသော အမွေများ
မြန်မာနိုင်ငံသည်အတိတ်မှ အမွေရခဲ့သော ပြဿနာအများအပြားကို ဆက်လက်ခံစားနေရဆဲဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်သော ပြည်
တွင်းစစ်သည်လည်း ဆက်လက်ဖြစ်ပွားနေသည်။
တိုင်းပြည်၏ အင်အားအကြီးမားဆုံး အဖွဲ့အစည်းဖြစ်သော စစ်တပ်သည် လူမျိုးစုလက်နက်ကိုင်များအရေး၊ ပဋိပက္ခများနှင့် ပတ်သတ်လျှင် ချုပ်ကိုင်
နေဆဲပင်ဖြစ်သည်။
မကြာသေးမီက BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က သူတို့(စစ်တပ်)က လွတ်လွတ်လပ်လပ်လှုပ်ရှား
ခွင့်၊ တိုက်ခွင့်ရှိနေတယ်။ ဒါဟာဖွဲ့စည်းပုံကြောင့်ဖြစ်တာ။ စစ်ရေးစစ်ရာတွေကို တပ်ကိုပဲလုပ်ပိုင်ခွင့်ပေးထားရတယ်။ ဒါကြောင့် ကျွန်မတို့က ဖွဲ့စည်း
ပုံအခြေခံဥပဒေကို ပြင်ဖို့ကြိုးစားနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ ကျွန်မတို့ ရည်မှန်းချက်တွေထဲက တစ်ခုပဲ ဟုပြောခဲ့သည်။
ယခင်စစ်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် NLD အစိုးရအတွက် လက်ရှိအချိန်အထိ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်နေ
ဆဲဖြစ်သည်။ ထိုဖွဲ့စည်းပုံသည် အစိုးရအတွင်း ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများနှင့် ပတ်သတ်လျှင် လုပ်ပိုင်ခွင့်ကို စစ်တပ်
ကို ၁ ကွက်အပ်ထားပြီး လွှတ်တော်တွင်လည်း တပ်မတော်သားကိုယ်စားလှယ်များကို ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပေးထားသည်။
ထို့ကြောင့်ပင် NLD ၏ အဓိက ရည်မှန်းချက်များအနက်တစ်ခုမှာ ကျွန်ုပ်တို့နိုင်ငံမှ ပြည်သူအားလုံး အေးချမ်းလုံခြုံစွာ နေထိုင်စေနိုင်သော ဖွဲ့စည်းပုံ
အခြေခံဥပဒေတရပ် ပြဌာန်းရေးဖြစ်သည်ဟု ၎င်းတို့၏ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
NLD သည် ၎င်း၏ ပြောင်းလဲရေးရည်မှန်းချက်နှင့်ပတ်သတ်၍ နေရာပေါင်းစုံမှ ခုခံမှုများနှင့် ရင်ဆိုင်နေရသည်။ တပ်မတော်သည် လက်ရှိဖွဲ့စည်းပုံ
ကိုပြင်ရန် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန် NLD ၏ အားထုတ်မှုများကို ဆန့်ကျင်သော အနေအထားတွင် အမြဲရှိနေသည်။
ထို့ကြောင့်ပင် စစ်တပ်၏ တရားဝင်ထုတ်ဖော်ကြေညာထားသော တာဝန်တရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဖြစ်သည်ဟု
လက်ရှိဖွဲ့စည်းပုံ၏ အခန်း(၁) နိုင်ငံတော်၏အခြေခံမူများတွင် ဖော်ပြထားသည်။ ထိုမူများထဲတွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်အခန်း
ကဏ္ဍတွင် စစ်တပ်က ပါဝင်နိုင်စေရေးလည်း ပါဝင်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က BBC သတင်းဌာနသို့ပြောသည့်အတိုင်းပင် NLD အစိုးရ၏ ဦးစားပေးတစ်ခုဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
နှင့်ပတ်သတ်၍ စစ်တပ်၏ ထိုးစစ်များသည် အဟန့်အတားဖြစ်စေသည်။ သို့သော် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေက NLD အနေဖြင့် စစ်တပ်အပေါ်
သြဇာမညောင်းနိုင်အောင် တားဆီးထားသည်။
NLD အစိုးရ အနေနှင့် ၎င်းတို့အစိုးရ အာဏာရချိန်မှစပြီး ပြင်းထန်လာသော လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သတ်ပြီး အစိုးရနှင့် ပူးပေါင်းဆောင်
ရွက်ရန် စစ်တပ်ခေါင်းဆောင်ပိုင်းကို ဖျောင်းဖျနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် NLD အစိုးရအပေါ် ဥပဒေဘောင်အတွင်းမှဖြစ်စေ၊ ပြင်ပမှာဖြစ်စေ အာခံနေသည့် အင်အားစုများလည်းရှိနေသေးပြီး ၎င်းတို့ကို နောက်ကွယ်
မှ လက်မဲကြီးများဟု သတ်မှတ်နိုင်ပြီး ထိုအင်အားစုများထဲတွင် အစွန်းရောက်အဖွဲ့များ သို့မဟုတ် အစိုးရဟောင်းအဖွဲ့ဝင်များ ပါဝင်နိုင်သည်။
ထိုသူများထဲတွင် ဇန်နဝါရီလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နေ့ခင်းကြောင်
တောင် လုပ်ကြံသတ်ဖြတ်ခဲ့ကြသူများ ပါဝင်သည်။ ဦးကိုနီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးကို အပြင်း
အထန် ဆော်သြသူဖြစ်သည်။ သူ့အားလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု သံသယရှိခံရသူများတွင် စစ်တပ်အရာရှိဟောင်းများပါဝင်သည်။
ထိုလုပ်ကြံသတ်ဖြတ်မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဆုံးရှုံးမှုဖြစ်သည်ဟု အချို့သော ဝေဖန်သူများက ယူဆကြပြီး အချို့ကမူ ထိုလုပ်ရပ်
သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်များကို မထေမဲ့မြင်ပြုလိုသူများ၏ အဖျက်လုပ်ရပ်ဟု ထင်သည်။
စစ်တပ်နှင့် ယခင်အစိုးရဟောင်းမှ လူများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးစားပေးရန်ဟူသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏မူဝါဒက သူ၏
အစိုးရကို အကျပ်အတည်းထဲရောက်စေသည်ဟု ယူဆနိုင်သည်။ NLD အစိုးရက ၎င်း၏ အစိုးရကိုဖွဲ့စည်းစဉ်အခါက ယခင်အစိုးရခန့်ထားခဲ့သည့်
ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးများကဲ့သော ထိပ်တန်းအစိုးရအရာရှိများကို ဆက်လက်ခန့်ထားခဲ့သည်။
ထိုသူအများစုမှာ စစ်အရာရှိဟောင်းများဖြစ်ပြီး တချို့မှာ အစိုးရသစ်က အကောင်အထည်ဖော်ရန် ရည်မှန်းထားသည့်အစီအမံများကို အတိုက်အခံလုပ်နေ
သည်ဟု သတင်းများလည်းထွက်နေသည်။
နိုင်ငံရေး ခြေလှမ်းအမှားများ
နိုင်ငံရေးအရလုပ်ဆောင်ရန် ဆန္ဒရှိပါက အထက်ဖော်ပြပါစိန်ခေါ်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ပညာရေး၊ စီးပွားရေးနှင့် ဥပဒေ
ရေးကဏ္ဍများတွင် တိုးတက်အောင်လုပ်ဆောင်ရေးကို အတားအဆီးဖြစ်စေနိုင်မည်မဟုတ်ပါ။ အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှမ်းမိုးသော
လွှတ်တော်အနေဖြင့် ကောင်းမွန်သော အပြောင်းအလဲများပြုလုပ်နိုင်သည့် နယ်ပယ် အများအပြားရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အရေးကြီးသော သင်ခန်းစာအဖြစ်ယူဆနိုင်သော နိုင်ငံရေးခြေလှမ်းအမှားတစ်ခုရှိပြီး ၎င်းကို တံတားသင်ခန်းစာ
ဟုခေါ်ဆိုနိုင်သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် USDP အနိုင်ရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေသခံပြည်သူများ၏ဆန္ဒကို လစ်လျူရှုခြင်းရလဒ်ကြောင့်
ဖြစ်နိုင်သည်။ ဒေသခံ မွန်ပြည်သူအများအပြားက တံတားတစင်းကို တည်ရှိရာ နေရာနှင့် ဖြတ်ကူးသောမြစ်ကို ရည်ညွှန်းကာ သံလွင်တံတား(ချောင်းဆုံ)
ဟု အမည်ပေးလိုချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တံတားကို မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးရန် အမျိုးသားလွှတ်
တော်တွင် ၎င်းတို့အသာစီးရနေသည့် အနေအထားကို အသုံးချသည်။
ရလဒ်အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက ၎င်းတို့အနိုင်ရသော ထိုဒေသတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးနိမ့်သွားလေသည်။
ထိုတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် အစိုးရက လုပ်ဆောင်ခြင်းအား ဆန့်ကျင်မှုကို အတိုက်အခံများနှင့် အမျိုးသားရေးဝါဒီသံဃာ
များက စည်းရုံးဆောင်ရွက်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းက ယူဆသည်။
ထိုဆန့်ကျင်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအတိုက်အခံများက လှုံ့ဆော်စေကာမူ အမျိုးသားရေးဒီမိုကရေစီအဖွဲ့ချူပ်၏ တံတားအမည်ပေးသော
နည်းလမ်းမှာ အတင်းအကျပ်ပုံစံဖြစ်သည်ဟု ဒေသခံအများအပြားက မြင်နေခြင်းကို ခေါင်းဆောင်ပိုင်းက NLD သဘောပေါက်သင့်သည်။
ထို့ကြောင့် ချောင်းဆုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှုံးနိမ့်ခြင်းသည် အမျိုးသားရေး ကိစ္စမဟုတ်သော်လည်း NLD အဖို့ တနိုင်ငံလုံးစာ မဟာသင်ခန်း
စာဖြစ်သည်။
ရဲဘော်ရဲဘက်စိတ်နှင့် တစိမ်းတရံ
၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝါရင့်တက်ကြွလှုပ်ရှားသူများအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ကာလရှည်ကြာစွာ ထောက်ခံခဲ့
ကြသူ အများအပြားနှင့် လူမျိုးစု အင်အားစုများက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသည် ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲလည်းဖြစ်စေ
၎င်းတို့ကို ပစ်ပယ်လာသည်ဟု ခံစားနေကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရာထူးလက်ခံသော သက်တမ်း တစ်နှစ်ပြည့်သည့် မတ်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က သူ၏ပြည်
ထောင်စုမိန့်ခွန်းတွင် ပါတီ၏ ကြွေးကျော်သံကို ပြောင်းလဲချိန်တန်ပြီမှ ပြည်သူနှင့်အတူ ဟု ပြောင်းလိုက်ကြောင်း ကြေငြာသည်။
သို့သော် သူ၏ခေါင်းဆောင်မှုပုံစံဖြစ်သော ပစ်ပယ်တစိမ်းဆန်ခြင်းကဲ့သို့ပင် ချောင်းဆုံတံတားဖြစ်ရပ်သည် ပြည်သူနှင့်အတူဟူသော ကြွေးကြော်သံနှင့်
ဆန့်ကျင်ဘက်ဖြစ်နေသည်။
သူ၏အချို့သောဝန်ကြီးများသည် တက်ကြွမှုမရှိကြဘဲ တချို့မှာ လူမှန်နေရာမှန်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဝန်ခံသည်။ ၎င်းတို့အတွက်
လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ကျန်သက်တမ်း ၄ နှစ်သည် ရှုပ်ထွေးသော ပြဿနာများကြားတွင် ရှိနေသော နိုင်ငံကိုပြုပြင်ရန်အတွက် ရှည်ကြာ
သည့် ကာလမဟုတ်ပေ။ ၂၀၁၆ မှ ၂၀၂၀ အထိ NLD အစိုးရ၏ သက်တမ်းသည် တာဝန်ရှိသူများကို စစ်တပ်အုပ်ချုပ်ရေး၏ မလိုလားအပ်သောအမွေ
များနှင့် ရင်ဆိုင်ရန် အုတ်မြစ်ချပေးပြီး နိုင်ငံသစ်အတွက် ခိုင်မာသော လမ်းကြောင်းကိုပုံဖော်ရန် ဥပဒေ လုပ်ထုံးလုပ်နည်းများ ထူထောင်ရမည့် အချိန်ဖြစ်