KNU ရွေးကောက်ပွဲ - စောမူတူးစေးဖိုးမှ ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံရကာ ဝါရင့်အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သည့် နော်စီဖိုးရာစိန်မှ အဓိကနေရာအား ရှုံးနိမ့်

...

KNU ရွေးကောက်ပွဲ - စောမူတူးစေးဖိုးမှ ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံရကာ ဝါရင့်အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သည့် နော်စီဖိုးရာစိန်မှ အဓိကနေရာအား ရှုံးနိမ့်

Karen News, 08 Apr 2017

URL: HTTP://KARENNEWS.ORG/2017/04/KNU-ELECTIONS-SENIOR-WOMEN-LEADER-ZIPPORAH-SEIN-LOSES-KEY-POSITION-AS-MUTU-SA-PO-RE-ELECTED-CHAIRPERSON.HTML
ထိပ်ပိုင်းခေါင်းဆောင်နေရာ ၅ နေရာအား ရွေးချယ်တင်မြှောက်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး၏ လေးနှစ်တစ်ကြိမ် ခေါင်းဆောင်ပိုင်းဆိုင်ရာ ရွေးချယ်တင်မြှောက်မှုသည်
၂၀၁၇ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။

ဥက္ကဌဖြစ်သူဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် နောက်ထပ် ၄ နှစ်တာဝန်ထပ်မံထမ်းဆောင်ရန် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး နော်စီဖိုးရာစိန်သည် ဒုတိယဥက္ကဌဖြစ်သည့် သူမ၏
နေရာအားရှုံးနိမ့်ခဲ့ကာ အဖွဲ့အစည်းတွင် ထိပ်ပိုင်း ၅ နေရာမှ တနေရာကို လွဲချော်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့တွင် KNU သည် ၎င်း၏ အမြဲတမ်းဗဟိုကော်မတီဝင်(၄၁)ဦးအတွက်ကိုယ်စားလှယ်လောင်း(၆၀)ဦးကို ရွေးချယ်ခဲ့သည်။ ကေအဲန်ယူဖွဲ့စည်းပုံ အခြေခံဥပ
ဒေအရ ခရိုင်နှင့်တပ်မဟာ(၇)ခုတို့မှ ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူးစုစုပေါင်း(၁၄)ဦးမှာဗဟိုကော်မတီထဲတွင် အလိုအလျောက် ပါဝင်ပြီးသည်။ ပြီးခဲ့သည် ၂၀၁၂ ခုနှစ်ကကျင်းပခဲ့သည့်
(၁၅)ကြိမ်မြောက်ကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီဝင်များကို(၄၅)ဦးသာ သတ်မှတ်ထားသော်လည်း (၁၆)ကြိမ်မြောက် ကွန်ဂရက်တွင် (၅၅)ဦးအထိ တိုးချဲ့သတ်မှတ်ဆုံးဖြတ်ခဲ့
ကြသည်။

သောကြာနေ့ ၊ ဧပြီလ(၇)ရက်နေ့တွင် ၎င်း(၆၀)ဦးအနက် (၄၁)ဦးကို ဆက်လက်ရွေးကောက်ခဲ့ရာ ယခင်ထိပ်ပိုင်းခေါင်းဆောင် ဒု-ဥက္ကဌနော်စီဖိုးရာစိန်သည် (၄၁)ဦး အမည်စာရင်းတွင်
ပါဝင်ခြင်းမရှိတော့ပေ။

နော်စီဖိုးရာစိန်သာမက ယခင် ကေအဲန်ယူတွဲဘက်အထွေထွေအတွင်းရေးမှူး(၁)ပဒိုစောသောသီဘွဲနှင့် တွဲဘက်အထွေထွေအတွင်းရေးမှူး(၂)ပဒိုမန်းမန်းတို့မှာ (၂၁)ဦး အမည်စာရင်းတွင်
ပါဝင်ခြင်းမရှိတော့ပေ။

ယနေ့ ဧပြီလ(၈)ရက်နေ့တွင် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး(၁)နှင့်(၂)စသည်တို့ပါဝင်သည့် အဓိကနေရာ(၅)နေရာအတွက် စုစုပေါင်းမဲပေးသူ(၂၁၇)ဦးက ရွေး
ချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အရ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ ဥက္ကဌအဖြစ်ပြန်လည်ရွေးကောက်တင်မြှောက်ခံရကာ ယခင်အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက
ဒုဥက္ကဌအဖြစ်သော်လည်းကောင်း၊ ပဒိုတာဒို့မူးက အထွေထွေအတွင်းရေးမှူးအဖြစ်သော်လည်းကောင်း၊ ပဒိုစဲပွယ်(စောစတိ)က တွဲဘက်အတွင်းရေးမှူး(၁)နှင့် ပဒိုစောလှထွန်းက တွဲဘက်
အတွင်းရေးမှူး(၂)အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

ထိပ်ပိုင်းခေါင်းဆောင်(၅)နေရာရရှိထားသူများသည် နောက်ပိုင်းတွင် ကေအဲန်ယူ၏ အဖွဲ့ဝင်(၁၁)ဦးပါဝင်သည့် ဗဟိုကော်မတီဝင်များကို ရွေးချယ်မည်ဖြစ်သလို ဌာနအားလုံးရှိ ဦးဆောင်
သူများကိုလည်း ရွေးချယ်မည်ဖြစ်သည်။