ရင်းနှီးမြှုပ်နှံမှုအသစ်များကြောင့် ဧပြီလတွင် အလုပ်အကိုင်အခွင့်အလမ်း(၉၄၀၀)ကျော်ရရှိ

...

ရင်းနှီးမြှုပ်နှံမှုအသစ်များကြောင့် ဧပြီလတွင် အလုပ်အကိုင်အခွင့်အလမ်း(၉၄၀၀)ကျော်ရရှိ

The Global New Light of Myanmar, 11 Apr 2017

URL: https://issuu.com/myanmarnewspaper/docs/9_april_17_gnlm
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ယခုလတွင် ပြည်တွင်း
ပြည်ပကုမ္ပဏီ(၁၇)ခုကို လုပ်ကိုင်ခွင့်ပြုခဲ့သောကြောင့် ပြည်တွင်းနေထိုင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း(၉၄၀၀)ကျော်
ဖန်တီးနိုင်ခဲ့ကြောင်းMIC မှ ပြောကြားခဲ့သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် MIC မှ ပထမဦးဆုံးအကြိမ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ် ၊ ဟောင်ကောင် နှင့် မကာအို တို့မှ နိုင်ငံခြားသားပိုင် ကုမ္ပဏီ(၁၁)ခုအပါအဝင် ၊ နိုင်ငံသားနှစ်ဦးပိုင်ကုမ္ပဏီ(၂)ခုနှင့် သုံးဦး
စပ် နိုင်ငံခြားသားတစ်ဦးပါကုမ္ပဏီ စသည်ဖြင့် စုစုပေါင်း(၁၇)ခုအား MIC မှ မီးစိမ်းပြခဲ့ကြောင်း ဧပြီလ (၆)ရက်နေ့တွင် ကျင်းပခဲ့
သည့် အစည်းအဝေးအရ သိရသည်။

လာရောက်ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအများစုမှာ အထည်ချုပ်လုပ်ငန်းများနှင့် CMP အခြေပြုဆက်နွယ်နေသည့်ပစ္စည်းများအပေါ်
တွင်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုစီးပွားရေးအမျိုးအစားမှာ အထည်ချုပ်လုပ်ငန်းနှင့် ပလတ်စတစ်ပြန်လည်အသုံးချရောင်းချခြင်း၊ ဖြန်းဆေးဗူးများ၊ဓာ
တုမျှင်များဖြင့် ရက်လုပ်သောအထည်၊ ပိုးတု၊ ဂွမ်းကပ် နှင့် သက်ဆိုင်ရာပစ္စည်းများ၊ ရုံးခန်းဆောက်လုပ်မှုများ၊ ရုံးတွင်းနေရာစီမံခန့်
ခွဲပေးခြင်းများ၊ ခေါက်ဆွဲခြောက်ထုတ်လုပ်ခြင်းများ၊ ကြက်သားပေါက်မွေးမြူထုတ်လုပ်ခြင်းများ၊ ရုပ်ရှင်ရုံဆောက်လုပ်ခြင်းနှင့် ရုပ်
ရှင်ပြခြင်းလုပ်ငန်းများနှင့် ကိုယ်ပိုင်ကျောင်းထောင်ခြင်းများဖြစ်သည်။

ထိုစီးပွားရေးလုပ်ငန်းများကို ရန်ကုန်စက်မှုဇုန်ဖြစ်သည့် ရွှေပြည်သာ ၊ မှော်ဘီ ၊ လှိုင်သာယာ ၊ ရွှေပေါက်ကံ နှင့် ဒဂုံဆိပ်ကမ်းမြို့သစ်
ရှိ စက်မှုဇုန်များတွင် လုပ်ကိုင်ခြင်းဖြစ်သလို မန္တလေးနှင့် ဧရာဝတီတိုင်းတွင်လည်း လုပ်ကိုင်မည်ဖြစ်သည်။

MIC ၏ပြောကြားချက်အရ နိုင်ငံ၏၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယူအက်စ်ဒေါ်လာ(၆.၈)ဘီလီယမ်ကျော် ရ
ရှိကြောင်း သိရှိရသည်။