ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်ဖို့အတွက် UNICEF မှတောင်းဆို

...

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်ဖို့အတွက် UNICEF မှတောင်းဆို

Myanmar Times, 11 Apr 2017

URL: http://www.mmtimes.com/index.php/national-news/25679-unicef-calls-for-better-healthcare-services-in-rakhine.html
ယခင် ယူအမ်အထွေထွေအတွင်းရေးမှူးကိုဖီအာနမ်ဥက္ကဌအဖြစ်ဆောင်ရွက်သော ရခိုင်ပြည်နယ်နှင့်ပတ်သတ်၍ ဖွဲ့စည်းထားသည့် အကြံပေးကော်မရှင်၏အစီရင်ခံစာအရ ရခိုင်ပြည်နယ်တွင် အခြေအနေတိုး
တက်ကောင်းမွန်ရန် ယူအမ်မှ မျှော်လင့်လျှက်ရှိသည်။

ဧပြီလ(၈)ရက်နေ့၌ မြန်မာတိုမ်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် UNICEF မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Justin Forsyth က ပြည်နယ်တွင် လက်ရှိကျန်းမာရေးနှင့် ပညာရေးပိုင်းဆိုင်ရာအခြေအနေ
များနှင့်ပတ်သတ်၍ ၎င်း၏အမြင်များကိုဝေမျှခဲ့သည်။

“အရေးအကြီးဆုံးအရာတွေကတော့ အဟာရနဲ့ပတ်သတ်ရင် ကျန်းမာရေးအသိပညာပေးမှု ၊ အဟာရ၊ ရေပေးဝေမှုနဲ့ တကိုယ်ရေသန့်ရှင်းရေး စတာတွေအပေါ်မှာ လုပ်ဆောင်ပေးကြဖို့ပဲ လို့ ကျွန်တော်ထင်ပါ
တယ်။”
“ကျွန်တော်တို့ အကူအညီ အများဆုံးပေးဖို့ လိုအပ်နေတဲ့နေရာတွေ ရှိပါတယ်။ တော်တော့ကို ခြားနားတာပါ ” ဟု သူကပြောသည်။

Forsyth သည် ဧပြီလ(၇)ရက်နှင့် (၈)ရက်နေ့တွင် ရခိုင်ပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီး စစ်တွေနှင့် ပေါက်တောမြို့ရှိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ(IDPs)နှင့် တွေ့ဆုံခဲ့သည်။

“ IDP စခန်းတွေမှာ ကျန်းမာရေးဆိုင်ရာပံ့ပိုးမှုတွေ အရမ်းကို နည်းပါးပါသေးတယ်” ဟု Forsyth ကပြောသည်။

မိဘအတော်များများက လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေရှိတာကြောင့် သူတို့ကလေးတွေကို ကျောင်းလွှတ်တာတို့၊ ဆေးရုံဆေးခန်းပေးတက်တာတို့နဲ့ပတ်သတ်ပြီး စိုးရိမ်နေကြတယ်ဟု သူကပြောသည်။

“ ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုစနစ်ရဖို့အတွက် ခက်ခဲနေတုန်းပါ ” ဟု သူကပြောသည်။

ရခိုင်ပြည်သို့ အလည်အပတ်မသွားရောက်မီ Forsyth သည် ဖြေရှင်းရန်လိုအပ်သည့် အကြောင်းအရာများကို ဆွေးနွေးရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ ကာကွယ်ရေးစစ်ဦးစီး
ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုလွှတ်တော်ဥက္ကဌဦးဝင်းမြင့် စသည်တို့နှင့်တွေ့ဆုံခဲ့သည်။

ကျန်းမာရေး ၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ပေးမှုအပိုင်းများ၌ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သတ်၍ Forsyth မှ နိုင်ငံတော်အတိုင်ပင်ခံနှင့်ဆွေးနွေးခဲ့ပြီး ကလေးအခွင့်အရေးကာကွယ်
စောင့်ရှောက်မှုနှင့် ကလေးစစ်သားကိစ္စရပ်များနှင့်ပတ်သတ်၍လည်း ကာချုပ်နှင့်ဆွေးနွေးခဲ့သည်။

၎င်း၏ရခိုင်ပြည်နယ်အလည်အပတ်ခရီးစဉ်တွင် အခြားသော ပြည်တွင်းပြည်ပမီဒီယာများနှင့်လည်းတွေ့ဆုံခဲ့သည်။

အကျဉ်းထောင်များတွင် ထိန်းသိမ်းခြင်းခံရသည့် ကလေးသူငယ်များ၏အချက်အလက်များကိုလည်း ၎င်းမှ ဒေါ်အောင်ဆန်းစုကြည်သို့ပေးခဲ့ဟု AFP သို့ပြောခဲ့သည်။


“တချို့ကလေးတွေက အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတယ်။ ကျွန်တော်တို့ဒီလိုကိစ္စရပ်တွေကို ဖော်ထုတ်ရမယ်။”

ကိုဖီအာနမ်၏ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သတ်သည့် အစီရင်ခံစာကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း Forsyth ကပြောသည်။

“ တချိန်တည်းမှာပဲ ကလေးတွေရဲ့ လိုအပ်မှုတွေကို ဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့ ဒီထက်ပိုပြီးလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကိုလည်း ပိုမိုသဘောပေါက်မိပါတယ်”ဟု Forsyth ကပြောသည်။

UNICEF သည် IDPs စခန်းများတွင် အခြေခံဝန်ဆောင်မှုများပံ့ပိုးပေးရန်၊ ဝန်ဆောင်မှုပေးရာတွင် အစိုးရခေါင်းဆောင်မှုပိုင်းဆိုင်ရာစွမ်းရည်၊ သောက်သုံးရေ ၊ တကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်
ရှင်းရေး၊ စခန်းများတွင် WASH ပိုင်းဆိုင်ရာ ပစ္စည်းများအား လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တွင် အိမ်သာ၊ နှင့် ရေပေးဝေမှု စသည်တို့အားလုံးကို တိုးမြှင့်ဆောင်ရွက်ပေးရန်
အတွက် UNICEF သည် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နေသည်ဟု UNICEF ၏၂၀၁၆ ခုနှစ် အစီရင်ခံစာအရ သိရှိရသည်။