ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး နှင့် ဌာနဆိုင်ရာတာဝန်ခံများကို ကေအဲန်ယူ ရွေးချယ်အတည်ပြု

...

ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး နှင့် ဌာနဆိုင်ရာတာဝန်ခံများကို ကေအဲန်ယူ ရွေးချယ်အတည်ပြု

Burma News International, 11 Apr 2017

URL: http://www.bnionline.net/news/karen-state/item/2939-knu-elects-11-cec-members-and-department-heads.html
ဘားအံခရိုင် ၊ လေးဝါးစခန်းတွင် ကျင်းပနေသည့် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ ရွေးကောက်ပွဲတွင် နောက်ထပ် ၄ နှစ်သက်တမ်းအတွက် ဦးဆောင်မည့် ဗဟိုအလုပ်အမှုဆောင် ၁၁ဦးနှင့် ဌာနဆိုင်ရာ
တာဝန်ခံများကို ယနေ့မွန်းလွဲပိုင်းတွင် ရွေးချယ်အတည်ပြုလိုက်ပြီဟု သိရသည်။

ကေအဲန်ယူ၏ ဗဟိုအလုပ်အမှုဆောင် ၁၁ ဦးမှာ ဥက္ကဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး၊ တွဲဘက်အတွင်းရေးမှူး(၁)စောဆဲပွယ် ၊ တွဲဘက်အတွင်းရေးမှူး
(၂)ပဒိုစောလှထွန်း ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၊ ပဒိုစောဒါးဒါး ၊ ပဒိုစောငြိမ်းမောင် ၊ ပဒိုသမိန်ထွန်း ၊ ပဒိုစောရောဂျာခင် နှင့် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးတို့ဖြစ်ကြသည်။

ထို့အပြင် ကေအဲန်ယူ၏ ဌာနဆိုင်ရာ ၁၄ ခုဖြစ်သည့် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ၊ ကျန်းမာရေးနှင့် လူမှုကယ်ဆယ်ရေးဌာန ၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန ၊ သစ်တောဌာန ၊ လယ်ယာနှင့် စိုက်ပျိုးရေးဌာန ၊
မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ၊ အခွန်တော်နှင့် ဘဏ္ဍာရေးဌာန ၊ တရားရေးရာဌာန ၊ မဟာမိတ်ရေးရာဌာန ၊ သတ္တုတွင်းဌာနနှင့် ကာကွယ်ရေးဌာနတို့၏ ဌာနတာဝန်ခံ အသီးသီးကိုလည်း ရွေးချယ်အတည်ပြုလိုက်
ပြီဖြစ်သည်။