ငြိမ်းချမ်းရေးညီလာခံတွင် လက်နက်ကိုင်အဖွဲ့များမှ တန်းတူညီတူရရှိရေးတောင်းဆို

...

ငြိမ်းချမ်းရေးညီလာခံတွင် လက်နက်ကိုင်အဖွဲ့များမှ တန်းတူညီတူရရှိရေးတောင်းဆို

Myanmar Times, 11 Apr 2017

URL: http://www.mmtimes.com/index.php/national-news/25674-armed-groups-call-for-equality-at-peace-summit.html
အစည်းအဝေးတွင် အပစ်ရပ်စာချုပ် NCA လက်မှတ်မရေးထိုးသူများနှင့် ရေးထိုးထားသူများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးမှ ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင်
အားလုံးတန်းတူညီတူအခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိစွာတက်ရောက်နိုင်ရေးကို တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အလွန်၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် အစည်းအဝေးတွင် လက်နက်ကိုင်အဖွဲ့(၁၄)ဖွဲ့တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးအတွင်း တက်ရောက်လာသူများမှ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ကျင်းပသည့် အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးသွားခဲ့သော ခေါင်းစဉ်နှစ်ခုဖြစ်သည့် ဖက်ဒရယ်
ပြည်ထောင်စုတည်ထောင်ရန်အတွက် အခြေခံမူချမှတ်ရန်နှင့် ပင်လုံရည်ညွှန်းလက်စွဲစာအုပ် စသည်တို့ကို ဆွေးနွေးခဲ့သည်။

အဖွဲ့များမှ အစည်းအဝေးအပြီးတွင် ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ကြေငြာခဲ့ပြီး လက်မှတ်မထိုးသည့် အဖွဲ့များမှ NCA လက်မှတ်ရေးထိုးရန် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒုတိယအကြိမ်ကျင်း
ပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားအဖွဲ့များအားလုံး ဂုဏ်သိက္ခာရှိစွာ တက်ရောက်နိုင်မည့် အခြေအနေကို ရရှိရန်ရည်ရွယ်ကြောင်း ကြေငြာစာတွင် ဖော်ပြထားသည်။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပင်လုံညီလာခံတွင် ပါဝင်ရန်အတွက် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ပြောသည်။

အပစ်ရပ်လက်မှတ်မရေးထိုးသည့်အဖွဲ့များမှ ပင်လုံညီလာခံတွင် ၎င်းတို့အား လေ့လာသူအဖြစ်သာ ဖိတ်ကြားပါက တက်ရောက်မည်မဟုတ်ကြောင်း အစိုးရနှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့
၈ ဖွဲ့အားပြောကြားခဲ့ပြီး ၎င်းတို့ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားသင့်ကြောင့် ပြောခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ပြန်လည်ဖြေရှင်းပေးရန်လည်း တောင်းဆိုခဲ့သည်