တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သင်္ကြန်တွင်းပြုလုပ်မည့် ညီလာခံသို့ (UNFC) တက်ရောက်မည်မဟုတ်

...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သင်္ကြန်တွင်းပြုလုပ်မည့် ညီလာခံသို့ (UNFC) တက်ရောက်မည်မဟုတ်

The Irrawaddy, 11 Apr 2017

URL: https://www.irrawaddy.com/news/burma/ethnic-alliance-pulls-summit-due-thingyan-holiday.html
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့သည် ယခုရက်သတ္တပတ်တွင် ပန်ဆန်း၌ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်(UWSA) တွင် ပြုလုပ်မည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ၄ ကြိမ်မြောက်ကျင်းပမည့်ညီလာခံသို့ တက်ရောက်မည်မဟုတ်ပေ။မြန်မာနိုင်ငံ၏ အကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA သည် အပစ် ရပ်စာချုပ်NCAလက်မှတ်မရေးထိုးသည့်တိုင်းရင်းသားလက်နက်ကိုင်များအတွက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ညီလာခံကျင်းပခဲ့ပြီး ယခုအခါလေးကြိမ်မြောက်ဖြစ်သည်။

UNFC ဒုဥက္ကဌဖြစ်သူ နိုင်ဟောင်ဆာမှ ၎င်းတို့အနေဖြင့် ဧပြီလ ၁၃ ရက်နေ့တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ခရီးမထွက်နိုင်ကြောင်း ပြောခဲ့သည်။

“ သင်္ကြန်အတွင်းမှာ ကျွန်တော်တို့ ခရီးထွက်နိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။ ပြီးတော့ သင်္ကြန်ပြီးတဲ့နောက်မှာ ကျွန်တော်တို့အဖွဲ့ နောက်ထပ်အစည်းအဝေးတွေ လုပ်ဖို့ရှိပါသေး
တယ်။”

UNFC မှ ကိုယ်စားလှယ်များသည် UWSA နှင့် ဆွေးနွေးရန်အတွက် “ဝ” ဒေသသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

“ဝ”နှင့် မုန်းလအဖွဲ့များသည် ၎င်းတို့အနေနှင့် အစိုးရနှင့် နှစ်ဦးနှစ်ဖက်အပစ်ရပ်သဘောတူထားသောကြောင့် NCA ကိုလက်မှတ်ထိုးစရာမလိုတော့ကြောင်း ပြောခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲ
အတွက် ၎င်းတို့အနေဖြင့် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြောခဲ့သည်။

UNFC အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) နှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ(SSPP)တို့သည် ဖေဖော်ဝါရီလတွင် ကျင်းပသည့် ပန်ဆန်းညီလာခံသို့ တက်ရောက်ခဲ့
သည်။ မွန်ပြည်သစ်ပါတီ(NMSP) နှင့် ကချင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)—တို့မတက်ရောက်ခဲ့ပေ။

အစိုးရမှ ၎င်း၏ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို မေလတွင် ကျင်းပရန် စီစဉ်ထားသည်။