ပင်လုံစာတမ်းနှင့် လုံခြုံရေးဆိုင်ရာများကို ပူးပေါင်းလုပ်ဆောင်ရန် တိုင်းရင်းသားအဖွဲ့များ သဘောတူဆုံးဖြတ်

...

ပင်လုံစာတမ်းနှင့် လုံခြုံရေးဆိုင်ရာများကို ပူးပေါင်းလုပ်ဆောင်ရန် တိုင်းရင်းသားအဖွဲ့များ သဘောတူဆုံးဖြတ်

Mizzima, 11 Apr 2017

URL: http://www.mizzima.com/news-domestic/ethnic-armed-organizations-agree-cooperate-security-affairs-and-panglong-manual
ပြည်ထောင်စုတည်ထောင်ရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံမူများ ပင်လုံလက်စွဲစာတမ်း၊ လုံခြုံရေးဆိုင်ရာများကို အတူပူးပေါင်းလုပ်ဆောင်သွားရန် တိုင်းရင်းသားလက်နက်
ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်း ဆောင်အစည်းအဝေးအပြီး ဧပြီလ ၉ ရက်နေ့တွင် အတည်ပြု သဘောတူဆုံးဖြတ်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့ နှင့်NCA လက်မှတ်မရေးထိုး
သေးသော အဖွဲ့အစည်းခေါင်းဆောင်များသည် ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးကျင်းပကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ပင်လုံလက်စွဲကို ညှိနှိုင်းလို့ အခြေခံသဘောတရားတွေ ရသွားပြီ။ နောက်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာလည်း ညှိနှိုင်းထားတဲ့ သဘောထားတွေ ယေဘူယျအားဖြင့်ရှိ
တယ်။ ဒါပေမယ့် တချို့ဟာတွေက ပြန်ပြီး ပြင်ဆင်ဖြည့်စွက်ဖို့လိုသေးတယ်။ ဖက်ဒရယ်မူအတွက်လည်း အခြေခံတော့ရထားတယ်။ ဒါပေမယ့် ထပ်မံဖြည့်စွက်ဖို့လျာထားတယ်”
ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှ ဒုဥက္ကဌ နိုင်ဟံသာကပြောသည်။

“အနာဂတ်မှာ DDR/SSR လို့ ပြောနေပေမယ့် တဖက်က DDR( လက်နက်ဖျက်သိမ်းရေး၊ တပ်သားမစုဆောင်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး)ကြီးပဲ အန်ကယ်တို့ လက်မခံနိုင်ဘူး။
SSR(ကာကွယ်ရေးပိုင်းဆိုင်ရာပြန်လည်ဖွဲ့စည်းခြင်း) ရှိဖို့လည်း လိုတယ်။ သဘောက ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာဖို့ဆိုတဲ့နေရာမှာ တပ်ပိုင်းဆိုင်ရာမှာ အရေး
ကြီးပါမယ်။ တဖက်က တပ်ပိုင်းဆိုင်ရာမှာ ယုံကြည်မှုမရှိကြဘူးဆိုရင် ဒါကလည်း အန္တရယ် ရှိလာနိုင်မယ်။

တကယ်လို့ လွယ်လွယ်နဲ့ ဆုံးဖြတ်ပေးလိုက်ရင် တပ်ကိုပေးလိုက်ပြီး တပ်အင်အားကို အသုံးပြုပြီးမှ ကိုယ့်ကိုဖိနှိပ်လာရင် ဘယ့်နှယ့်လုပ်မလဲ။ ဒါတွေကို စဉ်းစားဖို့ လိုတာပေါ့နော်” ဟု
နိုင်ဟံသာက ပြောသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံမူများနှင့် ပင်လုံလက်စွဲစာတမ်းတို့ကို အတည်ပြုခဲ့သလို၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ
ရေးမူဝါဒဆိုင်ရာကိစ္စများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB) ဆိုင်ရာကိစ္စရပ်များ၊ ကြားကာလအစီအစဉ်များဆိုင်ရာ မူဝါဒများနှင့်အစီအစဉ်များ
ရေးဆွဲသွားနိုင်ရေးအတွက် ပူးတွဲအလုပ်အဖွဲ့များ ဖွဲ့စည်းသွားရန်တို့ကို သဘောတူဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးအပြီးဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ထိုထိပ်သီးအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးသေးသော ညီညွတ်သော
တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ (၇) ဖွဲ့ စုစုပေါင်း အဖွဲ့အစည်း(၁၄) ဖွဲ့မှ ကိုယ်စားလှယ်(၆၀)ကျော်တက်ရောက်ဆွေးနွေးခဲ့ကြသည်။