ကရင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံသစ်များ ဆောက်လုပ်

...

ကရင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံသစ်များ ဆောက်လုပ်

The Global New Light of Myanmar, 12 Apr 2017

URL: HTTPS://ISSUU.COM/MYANMARNEWSPAPER/DOCS/12_APRIL_17_GNLM
ဒေသတွင်းနေထိုင်သူများအား သဘာဝဘေးအန္တရယ်မှ အကာအကွယ်ပေးရန်အတွက် မုန်တိုင်းဒဏ်ခံ အဆောက်အုံသစ်များကို မြန်မာနိုင်ငံတောင်ပိုင်း ၊ ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့မြို့ နှင့်
ဘားအံမြို့နယ်များတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရမှ ပြောကြားခဲ့သည်။

ပြည်နယ်ရှိ လှိုင်းဘွဲ့နှင့် ဘားအံတွင် နေထိုင်ကြသည့် ပြည်သူလူထုသည် မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရယ်များနှင့် ပတ်သတ်၍ ခုခံနိုင်စွမ်းမရှိကြပေ။

မြို့နယ် နှစ်မြို့နယ်စလုံးသည် နှစ်စဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၊ ဇူလိုင်နှင့် သြဂုတ်လတွင် ရေလွှမ်းမိုးမှုဒဏ်ခံတွေ့ကြုံ ခံစားနေခဲ့ရသည်။

လှိုင်းဘွဲ့မြို့နယ်ရှိ ပေ ၆၀ x ၆၀ x ၂၈ ပေအရှည်ရှိသည့် မုန်တိုင်းဒဏ်ကာကွယ်ရေးအဆောက်အဦးသည် လူ( ၄၀၀)ကျော် နေထိုင်နိုင်ရန် ပြုလုပ်ထားပြီး ဘားအံမြို့နယ်ရှိ နောက်ထပ်အ
ဆောက်အဦးတစ်ခုမှာ ခန့်မှန်းခြေအားဖြင့် လူ ၄၀၀ နေထိုင်နိုင်သည်။

အမျိုးသား သဘာဝဘေးအန္တရယ်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ(NNDMC) သည် လှိုင်းဘွဲ့မြို့နယ်ရှိ ကမော်ကခြူးရွာတွင် အကောင်အထည်ဖော်ဆောက်လုပ်ရန် စီမံကိန်းအတွက် ငွေကျပ်
၁၁၈ သန်း ခွဲဝေချထားပေးခဲ့ပြီး ဘားအံမြို့နယ်၊ ရပ်ကွက်အမှတ်(၁)ရှိ ကြိမ်လေးလမ်းတွင် ဆောက်လုပ်မည့် စီမံကိန်းနောက်တစ်ခုအတွက်ငွေကျပ်(၁၁၆.၈)သန်း ချထားပေးခဲ့သည်။

စီမံကိန်းတွက် ပန္နက်ချပွဲအခမ်းအနားကို လှိုင်းဘွဲ့မြို့နယ်ရှိ သတ်မှတ်ထားသည့်နေရာတွင်မကြာသေးမီက ကျင်းပခဲ့သည်။ ပြည်နယ်တာဝန်ရှိသူများမှလည်း ဆောက်လုပ်ရေးစတင်ရန်အတွက်
ဘားအံမြို့ရှိ စီမံကိန်းဧရိယာသို့ လာရောက်ကြည့်ရှု့ခဲ့သည်။

ဆောက်လုပ်ပြီးစီးပါက မုန်တိုင်းဒဏ်ခံအဆောက်အဦး နှစ်ခုစလုံးအတွက် အရေးပေါ်သဘာဝဘေးအန္တရယ်ကာကွယ်ရေးစီမံခန့်ခွဲမှုသင်တန်းများနှင့် လှုပ်ရှားမှုများကို ပေးရန် စီစဉ်ထားသည်။