မြန်မာသင်္ကြန်နှစ်သစ်ကူးအကြိုအဖြစ် အကျဉ်းသား(၁၈၈၃) ဦးအား လွှတ်ပေး Mizzima, 13 April 2017

...

မြန်မာသင်္ကြန်နှစ်သစ်ကူးအကြိုအဖြစ် အကျဉ်းသား(၁၈၈၃) ဦးအား လွှတ်ပေး Mizzima, 13 April 2017

Mizzima, 13 Apr 2017

URL: HTTP://WWW.MIZZIMA.COM/NEWS-DOMESTIC/1883-PRISONERS-RELEASED-MYANMAR-GREET-NEW-YEAR-THINGYAN-FESTIVAL
ကြာသာပတေးနေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ကို ကြိုဆိုသောအားဖြင့် အကျဉ်းသား(၁၈၈၃)ဦးကို ဗုဒ္ဓဟူးနေ့က လွှတ်ပေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ကြေငြာသည်။

နှစ်သစ်တွင် သင်္ကြန်မှာ ပျော်ရွှင်နိုင်ရန်အတွက် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ အမျိုးသမီး(၂၃၃)ဦးအပါအဝင် အကျဉ်းသား (၁၈၈၃)ဦးကို အကျဉ်းထောင်များမှ လွှတ်ပေးခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့်အစိုးရ အာဏာရလာပြီးနောက် ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် ယခုလိုအချိန်တွင် အစိုးရသည် နိုင်ငံရေးအကျဉ်းသားအပါအဝင် စုစုပေါင်းအကျဉ်းသား(၂၂၈၃)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။