သထုံရှိ လျှပ်စစ်မီးစီမံကိန်းအား ၂၀၁၈ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်

...

သထုံရှိ လျှပ်စစ်မီးစီမံကိန်းအား ၂၀၁၈ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်

The Global New Light of Myanmar, 09 May 2017

URL: https://issuu.com/myanmarnewspaper/docs/9_may_17_gnlm
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်၌ မြန်မာ့လျှပ်စစ်ပါဝါကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ လျှပ်စစ်ပါဝါစီမံကိန်းအား ၂၀၁၈ ခုနှစ်အစောပိုင်းတွင်
အပြီးသတ်လုပ်ဆောင်နိုင် မျှော်မှန်းထားကြောင်း စီမံကိန်းမန်နေဂျာက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းပိုင်းသည် ပြီးစီးလုနီးဖြစ်နေပြီဖြစ်ကြောင်း၊ သထုံဓာတ်ငွေ့လိုင်းမှ အင်ဂျင်နီယာဦးစီးမှူးဖြစ်သူ ဦးကျော်သက်ကပြောသည်။ စီမံကိန်းအကောင်အထည်ဖော်မှုအဆင့်တိုင်းတွင် သ
ဘာဝပတ်ဝန်းကျင်နှင့် စနစ်တကျစီမံခန့်ခွဲရေးအောက်တွင်သာ အဆင့်အတန်းနှင့်အညီ ဆောင်ရွက်နေကြောင်းပြောသည်။

လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်စွက်နိုင်ရန်အတွက် စီမံကိန်းအကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ ယူအက်စ်ဒေါ်လာသန်း(၁၄၀)ကို အစိုးရမှ လက်ခံရရှိသည်။ စီမံကိန်းပြီးစီးပါက စက်ရုံသစ်
သည် လျှပ်စစ်မီဂါဝပ်(၁၀၀)ကျော်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

သထုံမြို့တွင် တည်ရှိသည့် တည်ဆောက်နေသော ဂတ်စ်လိုင်းလျှပ်စစ်ပါဝါစက်ရုံသည် စီမံကိန်း၏ ဦးဆုံးအစိတ်အပိုင်းဖြစ်သည်။

စီမံကိန်းတွင် စက်ရုံအတွက် ပတ်ဝန်းကျင်ထိခိုက်ခြင်းကို လျော့ချပေးမည့် စွန့်ပစ်ရေပြန်လည်သန့်စင်သည့် စီမံခန့်ခွဲမှု စီမံကိန်းတစ်ရပ်ပါဝင်ကြောင်း စီမံကိန်းအင်ဂျင်နီယာတစ်ဦးကပြောသည်။