ကာလကြာရှည်နှောင့်နှေးနေသည့် ထားဝယ်စီးပွားရေးဇုန်အတွက် ထိုင်းမှ ဒေါ်လာ(၁၃၃)မီလီယမ် ချေးငှားခွင့်ပြု

...

ကာလကြာရှည်နှောင့်နှေးနေသည့် ထားဝယ်စီးပွားရေးဇုန်အတွက် ထိုင်းမှ ဒေါ်လာ(၁၃၃)မီလီယမ် ချေးငှားခွင့်ပြု

Reuters, 30 May 2017

URL: http://af.reuters.com/article/energyOilNews/idAFL3N1JR4GK
မြန်မာနှင့်ထိုင်းနိုင်ငံသည် ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် မြန်မာနိုင်ငံ၏ထားဝယ်အထူးစက်မှုဇုန်ကို စတင်ရန်အတွက် ချေးငွေဘတ်(၄.၅)ဘီလီယမ်(ဒေါ်လာ ၁၃၃မီလီယမ်)သတ်မှတ်လိုက်ပြီဖြစ်ကြောင်း
ထိုင်းနိုင်ငံ၏သယ်ယူပို့ဆောင်ရေးဝန်ကြီးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ဇုန်တည်ဆောက်ရန်အတွက် ၂၀၀၈ခုနှစ်ကပင် သဘောတူစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ဒေါ်လာဘီလီယမ်များစွာကုန်ကျမည့်
စက်မှုဇုန်သည် ဒေသခံများမှ ဆန္ဒပြခြင်းများနှင့် ဆောက်လုပ်ရေးအတွက် ငွေကြေးလည်ပတ်ရန်ပြဿနာများအပါအဝင် အခက်အခဲများစွာဖြင့် ကြန့်ကြာနေခဲ့သည်။

ထိုင်းနိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith သည် ချေးငွေအခြေအနေကို အပြီးသတ်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဝန်ကြီးဦးသန်းမြင့်နှင့် သောကြောနေ့တွင် တွေ့ဆုံခဲ့
သည်။ အတိုးမှာ ၁၀နှစ်အတွင်း (၀.၁)ရာခိုင်နှုန်းဖြစ်ပြီး နှစ်(၃၀)အတွင်း အပြီးသတ်ပေးချေရမည်ဖြစ်သည်။

အီတာလျှံ- ထိုင်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ITD)သည် ထားဝယ်၌ ရေနက်ဆိပ်ကမ်းနှင့်ထားဝယ်အထူးစက်မှုဇုန်တည်ဆောက်ရန်အတွက် ၂၀၁၀ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ သို့သော်
လည်း ပထမဦးဆုံးငွေကြေးပေးရမည့်အသုတ်မှာပင် မပေးဆောင်နိုင်ခဲ့ပေ။

အကယ်၍ ရေနက်ဆိပ်ကမ်းသာပြီးစီးပါက ကမ္ဘာ့အကြီးဆုံးစီးပွားရေးစီးဆင်းမှုလမ်းကြောင်းများထဲမှတစ်ခုဖြစ်သည့် မလေးနှင့်အင်ဒိုကြားရှိ Strait of Malacca ရေလက်ကြားသို့ အဝင်တံခါးအဖြစ် ဖွင့်
လှစ်နိုင်ရန် မြန်မာမှ မျှော်မှန်းထားသည်။

"အရင်တုန်းက ITD ကဆောက်လုပ်ရေးမစနိုင်ဘူးဖြစ်နေတယ် ၊ ဘာကြောင့်လဲဆိုတော့ ဘယ်သူလမ်းမကြီးဆောက်မလဲဆိုတာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့သဘောမတူနိုင်ဘူးဖြစ်နေလို့ပါ "ဟု Arkhom
ကပြောကြားခဲ့သည်။

"ဒါပေမယ့် မြန်မာအစိုးရက လမ်းမကြီးထဲကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားခြင်းအားဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမို စိတ်ချလက်ချရှိနေနိုင်ပါတယ်"။

ယမန်နှစ်တွင် ဂျပန်သည် မြန်မာ၊ ထိုင်းတို့နှင့်အတူ တတိယလက်တွဲသူအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ ထိုသို့ရွေ့လျားမှုသည် ရင်းနှီးမြှုပ်နှံသူများအား ကာလကြာရှည်စွာကြန့်ကြာနေသည့်စီမံကိန်းတွင်
ယုံကြည်စိတ်များမြှင့်တင်ပေးနိုင်လိမ့်မည်ဟု တချို့မှ မျှော်လင့်ခဲ့သည်။

ထိုင်းအစိုးရ၏အဆိုအရ ယခုအခါမြန်မာသည် ထားဝယ်မှ ထိုင်းနိုင်ငံနယ်စပ်အထိ ၁၃၈ ကီလိုမီတာ(၈၆)မိုင်ရှည်လျားသည့် လမ်းမကြီးဆောက်လုပ်ရေးကို တာဝန်ယူဆောက်လုပ်နေပြီဖြစ်ပြီး အီတာလျှံ
ထိုင်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီသည် ဆိပ်ကမ်းအသေးစားတစ်ခု ၊ ဓာတ်အားပေးစက်ရုံ ၊ ရေလှောင်ကန်နှင့် စက်မှုမြေများကို စတင်မည်ဖြစ်သည်။