မွန်ပြည်နယ်ရှိ ပညာရေးဆိုင်ရာအဆောက်အအုံများအတွက် အစိုးရမှ ငွေကျပ်(၅.၆)ဘီလီယမ် အသုံးပြုရန် စီစဉ်

...

မွန်ပြည်နယ်ရှိ ပညာရေးဆိုင်ရာအဆောက်အအုံများအတွက် အစိုးရမှ ငွေကျပ်(၅.၆)ဘီလီယမ် အသုံးပြုရန် စီစဉ်

The Global New Light of Myanmar, 12 Jul 2017

URL: https://issuu.com/myanmarnewspaper/docs/12_july_17_gnlm
၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် မွန်ပြည်နယ်တွင် စာသင်ကျောင်းပိုင်းဆိုင်ရာအဆောက်အအုံစီမံကိန်းများဆောက်လုပ်မှုနှင့်ပတ်သတ်၍ ပြည်ထောင်စုရန်ပုံငွေမှ
ငွေကျပ်(၅.၅၉၈)ဘီလီယမ် အသုံးပြုရန် ပညာရေးဝန်ကြီးဌာနမှ ရည်ရွယ်ထားသည်။

ဘတ်ဂျက်ငွေသည် ၂၀၁၆-၁၇ ပညာသင်နှစ်ထက် (၉၁၇)သန်းပိုမိုများပြားပြီး စာသင်ကျောင်းဖွဲ့စည်းပုံများ၊ ရုံးခန်းများ ၊ ဝန်ထမ်းအိမ်ရာ နှင့် ဓာတ်ခွဲခန်းစသည်တို့အ
ပါအဝင် အဆောက်အဦးသစ်ဆောက်လုပ်ရန် စီမံကိန်း(၁၀)ခုရှိကြောင်း ပြည်နယ်ပညာရေးရုံးမှ လက်ထောက်ညွှန်မှူးဒေါ်ချိုချိုအောင်က ပြောကြားခဲ့သည်။ ယခုလက်
ရှိ ပညာသင်နှစ်တွင် သင်ကြားနေသော မွန်အမျိုးသားကျောင်းများမှကျောင်းသား(၄၃၄၆)ဦးအပါအဝင် အခြေခံပညာမူလတန်းကျောင်းသားနှစ်သိန်းကျော်အတွက် ပုံ
နှိပ်စာအုပ်ထုတ်ရန်ငွေကျပ်( ၂၀၄)သန်း အကုန်အကျခံခဲ့ကြောင်း သူမမှ ထပ်ပေါင်းပြောကြားခဲ့သည်။

လက်ရှိတွင် မွန်ပြည်နယ်၌ ပညာရေးဝန်ထမ်း(၁၄၀၄၃)ဦးရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသား ၄ သိန်းကျော်ရှိပြီး မွန်အမျိုးသားကျောင်းများတွင်
(၁၃၂)ဦး တက်ရောက် ပညာသင်ကြားလျှက်ရှိသည်။

ယခုပညာသင်နှစ်တွင် စာသင်ကျောင်း(၇၀)နီးပါးအား အထက်တန်းကျောင်းအဆင့်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။