နယ်မြေအငြင်းပွားမှုဆိုင်ရာ တိုင်ကြားစာအများဆုံးရရှိဟု JMC ဆို

The Irrawaddy, 06 Jul 2017
URL: https://www.irrawaddy.com/news/burma/majority-joint-ceasefire-monitoring-committee-complaints-territorial-disputes.html
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC က ၎င်းထံသို့ ရောက်ရှိလာသော တိုင်ကြားစာများအနက် ၇၀ ရာခိုင်နှုန်းနီးပါးသည် နယ်မြေအငြင်းပွားမှုများဖြစ်ပြီး ၎င်းတို့ကို
မကြာမီ စိစစ်အတည်ပြုရေးအဖွဲ့များ သွားရောက် အကဲဖြတ်မည်ဟုဆိုသည်။
“ဒီနယ်မြေသတ်မှတ်ရေးမှာ အဓိပ္ပာယ် သတ်မှတ်မှု မတူတာတွေ ရှိတယ်။ ဒီတိုင်တန်းမှုတွေကို ဘယ်လို ကိုင်တွယ် ရမလဲဆိုတာ အဓိက လုပ်နေရပါတယ်” ဟု ဒေါက်တာ ရွှေခါးရ်က ဆက်ပြောသည်။
နယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန် ရှိသည်ဟု JMC က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ၎င်းတို့၏ အစိုးရနှင့် နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူချက်များတွင် နယ်မြေ သတ် မှတ်ရေးနှင့် ပတ်သက်သည့် အချက်များကို အသေအချာ သတ်မှတ်ထားကြသော်
လည်း အချို့အဖွဲ့များနှင့်မူ ထိုသို့လုပ်ဆောင်ရခြင်း မရှိသေးသဖြင့် နယ်နမိတ်သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများ ထပ်မံ ကျင်းပရန်လိုအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
JMC ၏လုပ်ငန်းတာဝန်များတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ ၏ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အကောင်အထည်ဖော်မှုကို ကြီးကြပ်စောင့်ကြည့်
ရန် ပါဝင်သည်။
JMC သည် ၎င်း၏ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာရုံးတွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသည် အပစ်
အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု စောင့် ကြည့်ခြင်း၊ တိုင်ကြားစာများ မှန်ကန်မှုရှိ၊ မရှိ စိစစ် အတည်ပြုရေး လုပ်ငန်းစဉ်များ၊ အပစ်အခတ်ရပ်စဲရေး ကြီးကြပ်ရာတွင် ဒေသခံအ ရပ်သားများ ပါဝင်ခွင့်ရရေးနှင့် လုပ်
ထုံး လုပ်နည်း (SOP) ပြုစု ရေးဆွဲရေးများကို အဓိကထား၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
JMC တွင် ကွန်ပျူတာစနစ်သုံး တိုင်ကြားစာ စီမံခန့်ခွဲရေး စနစ်တခု ပြုလုပ်မည်ဟု ဆိုသည်။ စာဖြင့်ရေးသား တိုင်ကြားခြင်းထက် နှုတ်ဖြင့် တိုင်ကြားမှုများကို ပိုမိုရရှိနေသောကြောင့် ပိုမို စနစ်ကျစေရန် ဖြစ်သည်။
JMC သည် ယခင် မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးကို JMC နည်းပညာအထောက်အကူပြုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ သစ် အဖြစ်ခန့်အပ်ခြင်းကိုလည်း အတည်ပြုခဲ့သည်။ လက်ရှိတာဝန် ထမ်းဆောင်နေသူ
ဒေါက်တာမင်ဇော်ဦးသည် ဇူလိုင်လကုန်တွင် ၎င်းတာဝန်မှ ရပ်နားမည်ဖြစ်သည်။