ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေသစ်အပေါ် နှစ်ဦးနှစ်ဖက်ပါဝင်သည့် ကော်မတီမှ ဆွေးနွေးမည်

...

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေသစ်အပေါ် နှစ်ဦးနှစ်ဖက်ပါဝင်သည့် ကော်မတီမှ ဆွေးနွေးမည်

Frontier Myanmar, 11 Jul 2017

URL: http://frontiermyanmar.net/en/bilateral-committee-to-discuss-thailands-new-employment-rules
မြန်မာနှင့် ထိုင်းနိုင်ငံသည် ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဥပဒေအသစ်နှင့်ပတ်သတ်၍ ဖြစ်ပေါ်လာသော အလုပ်သမားပြဿနာများကို ဖြေရှင်းပေးရန်အတွက် ကော်မတီတရပ်ဖွဲ့စည်းရန်
ထိပ်သီးအဆင့် အစည်းအဝေး၌ သဘောတူညီမှုရရှိခဲ့သည်ဟု ဘန်ကောက်သတင်းစာက ဇူလိုင်လ(၈)ရက်နေ့တွင် ဖော်ပြခဲ့သည်။

ပူးတွဲလုပ်ဆောင်မှုကော်မတီဖွဲ့စည်းမည့်ဆုံးဖြတ်ချက်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီး ဦးသိန်းဆွေနှင့် ထိုင်းနိုင်ငံမှ ၎င်းနှင့်အဆင့်တူ ဗိုလ်ချုပ်ကြီး
Sirichai Distakul က နေပြည်တော်၌ ဇူလိုင်လ ၇ ရက်နေ့တွင် ပြုလုပ်သည့်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ရွှေ့ပြောင်းအလုပ်သမားဥပဒေသစ်နှင့်ပတ်သတ်၍ မရှင်းလင်းသည်များကို ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် ရွှေ့ပြောင်းအလုပ်သမား ၄ သန်းရှိသည်၊ အများစုမှာ မြန်မာနိုင်ငံမှဖြစ်ကြပြီး ထက်ဝက်ခန့်မှာ အထောက်အထားစာရင်းသွင်းရာတွင် ကုန်ကျစရိတ်များလွန်းခြင်း
ကြောင့် တရားမဝင်လုပ်ကိုင်နေသည့် အလုပ်သမားများဖြစ်ကြသည်။

မကြာသေးမီက ရုတ်တရက်ကြေငြာလိုက်သည့် ဥပဒေသစ်တွင် အထောက်အထားမဲ့အလုပ်သမားများ ငှားရမ်းသည့် အလုပ်ရှင်များကိုပါ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၈ သိန်း (မြန်မာငွေကျပ် သိန်း
၃၀ ကျော်) ပေးဆောင်ရမည်ဖြစ်သည်။

အလုပ်ရှင်များသည် အထောက်အထားမဲ့ အလုပ်သမားများငှားရမ်းခြင်းကို ရပ်ဆိုင်းလိုက်သောကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားပြတ်လပ်မှုဖြစ်ရန် ဦးတည်​လျှက်ရှိသည်။