ဘုရားသုံးဆူ နယ်စပ်ဂိတ် တရားဝင်ဖွင့်ပေးရန် ထိုင်းနယ်ခြားကော်မတီ တောင်းဆို

...

ဘုရားသုံးဆူ နယ်စပ်ဂိတ် တရားဝင်ဖွင့်ပေးရန် ထိုင်းနယ်ခြားကော်မတီ တောင်းဆို

Karen News, 04 Sep 2017

URL: http://karennews.org/2017/09/thailand-requests-upgrading-three-pagodas-pass-to-an-official-permanent-border-crossing.html/
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ဘုရားသုံးဆူမြို့ရှိ မြန်မာ-ထိုင်း နယ်စပ်ဂိတ်ကို တရားဝင်ဖွင့်ပေးရန် သြဂုတ်လ ၃၀ ရက်နေ့တွင် ဘုရားသုံးဆူ နယ်စပ်ရှိ ဘာစီနီခန်းမ၌ ပထမဆုံးအကြိမ်ပြုလုပ်သည့်
နှစ်နိုင်ငံ နယ်ခြားကော်မတီအစည်းအဝေးတွင် ထိုင်းဘက်က တင်ပြတောင်းဆိုခဲ့သည်ဟု ဘုရားသုံးဆူမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်က ကေအိုင်စီသို့ ပြောသည်။

“သူတို့ဘက်က မူးယစ်ဆေးဝါးကိစ္စမှာ နှစ်နိုင်ငံရဲတပ်ဖွဲ့တွေ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ပြောတယ်။ တရားမဝင်နယ်စပ်ဖြစ်တဲ့အတွက် ကား၊ ဆိုင်ကယ်ရောင်းဝယ်တဲ့ကိစ္စ လက်မခံဖို့ရယ်၊ အားကစားနဲ့ လူမှုရေး
ရာကိစ္စတွေမှာ ယခင်ကထက် တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ နယ်စပ်လမ်း တရားဝင်ဖွင့်လှစ်ပေးဖို့ တောင်းဆိုတယ် ” ဟု ၎င်းက ပြောသည်။

မြန်မာဘက်မှလည်း မြန်မာအလုပ်သမား သုံးထောင်ဝန်းကျင်ခန့်ကို အနိမ့်ဆုံးလစာပေးရန်၊ ထိုင်းဘက်တွင်ရေ မြောင်းတူးဖော်ခြင်း ၊ ၁၀ ပေ အကျယ်ရှိ လမ်းမတိုးချဲ့ ဖောက်လုပ်ခြင်းတို့ကို ရပ်ထားပေးရန်၊ မြန်မာ
ဘက်ခြမ်းတွင် တည်ဆောက်ထားသည့် ရေအိမ်ကို ဖျက်သိမ်းပေးရန်၊ နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားမှုများကို ပူးပေါင်းဆောင်ရွက် ဖြေရှင်းပြီးလျှင် တရားဝင်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ပြန်လည်
ဆွေးနွေးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဘုရားသုံးဆူမြို့ခံဦးဝင်းခိုင်က " နယ်စပ်လမ်းပိတ်ထားတော့ ပရိဘောဂလုပ်ငန်းတွေမှာ ပြည်တွင်းဘက်ကို ပို့လို့မရဘူး။ လမ်းပျက်နေတယ်။ သယ်ဆောင်ခွင့်ပါမစ်လည်းမရဘူး။ တရားမဝင်လမ်းဖြစ်နေတော့ ထိုင်း
ဘက်ကအဝယ်နည်းသွားတယ်။

ခါတိုင်းတပတ်လုံးလုံး အလုပ်လုပ်ရတဲ့နေရာမှာ အခု ၃ ရက်လောက်ပဲ လုပ်နေရတော့ စားဝတ်နေရေး အခက်အခဲရှိတယ်။ ကိုယ့်ဘက်ကနေ ထိုင်းဘက်ခြမ်းကို တရားဝင်သွားရောက် အလုပ်လုပ်နေတာမဟုတ်တော့
အနိုင်ကျင့်ပြီး ပေးချင်တဲ့စျေး ပေးနေတယ်" ဟု ကေအိုင်စီသို့ပြောသည်။