အထူးဂရုစိုက်မှုလိုအပ်သည့်ကလေးများအတွက် ဆရာ၊ဆရာမများကို လေ့ကျင့်သင်တန်းပေးမည်

...

အထူးဂရုစိုက်မှုလိုအပ်သည့်ကလေးများအတွက် ဆရာ၊ဆရာမများကို လေ့ကျင့်သင်တန်းပေးမည်

Myanmar Times, 08 Sep 2017

URL: https://www.mmtimes.com/news/teachers-be-trained-children-special-needs.html
ဉာဏ်ရည်မသန်စွမ်းသည့်ကလေးငယ်များအတွက် ပညာရေးနယ်ပယ်အသီးသီးတွင် တိုးတက်စေရန်အလို့ငှာ မြန်မာအထူးပညာရေးအသင်း(MSES)မှ အထူးဂရုပြုစောင့်ရှောက်ရန်လိုအပ်သောကလေးများအတွက် ဆရာ၊ဆရာမ(၁၀၀၀)နီးပါးကို သင်တန်းပေးမည်ဖြစ်သည်။

မန္တလေးနှင့် နေပြည်တော်မှအပ မြန်မာနိုင်ငံတဝန်းရှိ ဆရာ၊ ဆရာမများအား သင်တန်း(၁၃)ခုပေးရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Wolverhampton (UK) တက္ကသိုလ်၊ the charity We Love All Things စသည့်အဖွဲ့များမှ မြန်မာအထူးပညာရေးအသင်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

သင်တန်းပေးရာတွင် လူမှုဝန်ထမ်းဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ဆရာ၊ဆရာမများနှင့် မိဘများကို ဖိတ်ကြားသွားမည်ဖြစ်သည်။ သင်တန်းတစ်ခုစီတွင် အယောက်(၅၀)မှ (၇၀)အထိတက်ရောက်နိုင်မည်ဖြစ်သည်။ ၃ လကြာသင်တန်းဖြစ်ပြီး ဒီဇင်ဘာလတွင် ပြီးဆုံးမည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတဝန်း၌ အထူးဂရုစိုက်မှုလိုအပ်သည့်ကလေးငယ်များအတွက် အစိုးရစာသင်ကျောင်းနှင့်ပုဂ္ဂလိကစာသင်ကျောင်း စုစုပေါင်း(၄၀)ခန့်တွင် လေ့ကျင့်ပေးထားသူ ဆရာ၊ဆရာမများခန့်ထားပေးခဲ့သည်။ ထိုသို့သောဆရာ၊ဆရာများသည် ရန်ကုန်နှင့်မန္တလေးတွင် အများဆုံးရှိကြသည်။