မွန်ပြည်နယ်အစိုးရက တက္ကသိုလ်စာ /ယဉ်များကို ကရင်ဝတ်စုံများနှင့် တူရိယာပစ္စည်းများပေးအပ်

...

မွန်ပြည်နယ်အစိုးရက တက္ကသိုလ်စာ /ယဉ်များကို ကရင်ဝတ်စုံများနှင့် တူရိယာပစ္စည်းများပေးအပ်

Karen News, 20 Sep 2017

URL: http://karennews.org/2017/09/mon-state-govt-donates-karen-costumes-instruments-to-universities.html
မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများအတွက် ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများကို မွန်ပြည်နယ်အစိုးရက ပေးအပ်ခဲ့သည်ဟု ပြည်နယ်၏ ကရင်လူမျိုးတိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ ပြောသည်။

ဝန်ကြီးစောအောင်မြင့်ခိုင်က "တက္ကသိုလ် ကရင်စာယဉ် ကျောင်းသား ၊ ကျောင်းသူေတွဟာ ကရင်နေ့ထူးနေ့မြတ်ပွဲဖြစ်ဖြစ်၊ ပြည်နယ်အဆင့် အစိုးရပွဲဖြစ်ဖြစ်၊ အနုပညာအဖွဲ့တွေရှိတာပေါ့။ တချို့ကျောင်းက ကရင်ဒုံးအဖွဲ့ဝတ်စုံတွေ၊
တူရိယာပစ္စည်းတွေ ငှားရတော့ အဆင်မပြေဘူး။ ကျောင်း ၅ ကျောင်းစာအတွက် ကရင်ဒုံးတစ်ဖွဲ့စာဝတ်စုံ အစုံ(၄၀)နဲ့ ရိုးရာတူရိယာပစ္စည်းတစ်စုံစီထောက်ပံ့ပေးတာပါ" ဟု ပြောခဲ့သည်။

ပြည်နယ် အစိုးရဘတ်ဂျက်ဖြင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း စသည့် တက္ကသိုလ်နှင့် သိပ္ပံကျောင်း(၅) ကျောင်း
ရှိ ကရင်စာပေနှင့် ယဉ် ကျေးမှုကော်မတီများကို ကော်မတီတစ်ခုလျှင် ကျပ်(၁၅)သိန်းစီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၇၅၆ခုနှစ်၊ ကရင်နှစ်သစ်ကူးအခမ်းအနားကျင်းပရန် သိန်း ၁၅၀ ၊ ပြည်နယ် ကရင်စာယဉ်စုပေါင်းသင်တန်းဆင်းပွဲအတွက် ကျပ်သိန်း ၆၀၀ ၊ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများအတွက် ကျပ်သိန်း ၁၆၀၊
ယခုတက္ကသိုလ်များကရင်စာ ယဉ်အဖွဲ့များကို ရိုးရာဝတ်စုံနှင့်တူရိယာတစ်စုံစီအတွက် ကျပ် ၇၅သိန်း ပံ့ပိုးပေးအပ်ထားပြီးဖြစ်သည်။