မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် စီးပွားရေးစွမ်းရည်မြှင့်တင်စီမံကိန်း အကောင်အထည်ဖော်မည်

...

မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် စီးပွားရေးစွမ်းရည်မြှင့်တင်စီမံကိန်း အကောင်အထည်ဖော်မည်

Mon News Agency, 21 Oct 2016

URL: http://monnews.org/2016/10/21/mon-state-implement-business-stimulus-project-four-townships/
မွန်ပြည်နယ်အစိုးရသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်ရှိ ကျိုက်ထို၊ မုဒုံ၊ ချောင်းဆုံနှင့် မော်လမြိုင် စသည့်
မြို့နယ် ၄ မြို့နယ်တို့တွင် စီးပွားရေးစွမ်းရည်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ပြုလုပ်သွားမည်ဟု ပြည်နယ်
ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တို့မှ ပူးပေါင်းလုပ်ဆောင်မည်
ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်၊ ဒေသထွက် လက်မှုပညာများနှင့် စားသောက်ကုန်ပစ္စည်း
များအတွက် နည်းပညာပေးခြင်းဖြင့် အရည်အသွေးမြှင့်တင်ပေးသွားမည်ဖြစ်သည်။

"ဒီမြို့နယ် ၄ မြို့နယ်မှာ လုပ်ဖို့ ၂၀၁၅ခုနှစ်က ကွင်းဆင်းလေ့လာခဲ့တယ်။ ဒီစီမံကိန်းလုပ်ငန်းလုပ်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်က
အမေရိကန်ဒေါ်လာ၃သန်း ထောက်ပံ့ပေးတယ်။ လုပ်မယ့်မြို့နယ်တွေမှာ ရုံးခန်းတို့ ဘာတို့လုပ်နေပြီး လာမယ့်ဘတ်ဂျက်နှစ်
မှာ အကောင်အထည်ဖော်ဖြစ်မယ်"ဟုမွန်ပြည်နယ်ခရီးသွားလာရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦး
ဟောက်ကျင်မုန်က ပြောသည်။

ကျန်ရှိနေသည့် ၆ မြို့နယ်ကိုလည်း အလှူငွေရရှိလာပါက စီမံကိန်းလုပ်ငန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်
သွားမည်ဟုလည်း ဦးဟောက်ကျင်မုန်ကဆက်ပြောသည်။

"ချောင်းဆုံက လက်မှုပညာတွေဖြစ်တဲ့ ကျောက်သင်ပုန်းလုပ်ငန်း၊ ဆေးတံလုပ်ငန်း၊ ဝါးခမောက်လုပ်ငန်းတွေဆိုရင် နိုင်ငံခြား
သားအများစုက စိတ်ဝင်စားကြတယ်။ ဒီလုပ်ငန်းတွေကိုသာ နိုင်ငံတကာနည်းပညာနဲ့ အဆင့်မြှင့်တင်လိုက်ရင် ကမ္ဘာအထိ
ထိုးဖောက်နိုင်တယ် ဟုချောင်းဆုံမှ ဝါးခမောက်လုပ်ငန်းရှင် နိုင်တင်ကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက်မှု ၁၂ သိန်း
ကျော်ရှိပြီး ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံသားများ အများဆုံးလာရောက်သည်ဟု ပြည်နယ်နှင့် ဟိုတယ်ခရီးသွား
ညွှန်ကြားရေးမှူးဦးစီးဌာနရုံးမှ သိရသည်။