မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၁၅၀၀ ကျော် တရားဝင်ထုတ်ပေးခဲ့

...

မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၁၅၀၀ ကျော် တရားဝင်ထုတ်ပေးခဲ့

Mon News Agency, 21 Oct 2016

URL: http://monnews.org/2016/10/18/over-1500-migrant-workers-received-household-documents-in-mon-state/
မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း အခြားဒေသမှလာရောက်နေထိုင်သည့် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၁၅၇၀ စု တရားဝင်
ထုတ်ပေးထားပြီဖြစ်ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

အဆိုပါ တရားဝင် ပြောင်းရွှေ့အိမ်ထောင်စုစာရင်း ထုတ်ပေးခဲ့ရာ မော်လမြိုင်မြို့တွင် ၃၅၂စု၊ ရေးမြို့ တွင် ၂၁၉ စု၊ ပေါင်တွင်
၁၆၉စု၊ သံဖြူဇရပ်တွင် ၈၁စု တို့ပါဝင်ပြီး အများစုမှာ ဧရာဝတီတိုင်း၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဘက်
မှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း သိရသည်။

“မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးရှိန်ဝင်းက မွန်ပြည်နယ်တစ်ခုလုံးမှာ
တရားဝင်ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၁၅၇၀ စုထုတ်ပေးထားတယ်၊ ယာယီအိမ်ထောင်စုကတော့ ၁၂၇၁ စုထုတ်ပေးထား
တယ် ” ဟုပြောသည် ဟုပြောသည်။

တရားဝင်အိမ်ထောင်စုစာရင်း ထုတ်ပေးရာတွင် ၎င်းတို့နေထိုင်လျှက်ရှိသည့် သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်
ချုပ်ရေးမှူးထောက်ခံချက်ဖြင့် လက်ရှိမွန်ပြည်နယ်တွင် ခြောက်လမှသုံးနှစ်အထိ လာရောက်ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ရွှေ့
ပြောင်းအလုပ်သမားများကို တရားဝင်အိမ်ထောင်စုစာရင်း ထုတ်ပေးထားသည်ဟုဆိုသည်။

“ဒီမွန်ပြည်နယ်မှာရောက်တာခြောက်လကျော်သွားပြီးတော့ သုံးနှစ်မပြည့်သေးဘူးဆိုရင် ဌာနကနေ ယာယီအိမ်ထောင်စုစာ
ရင်းဆိုပြီးတော့ ထုတ်ပေးထားတယ်”ဟု ဦးဝင်းရှိန်ကဆိုသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် မေလ ၁ ရက်နေ့မှ အောက်တိုဘာလဆန်းပိုင်းအထိ ကောက်ခံရရှိခဲ့သည့် ရွှေ့ပြောင်း အိမ်
ထောင်စုစာရင်း(၁၁၉၉၃)အနက် သာမန်ရွှေ့ပြောင်း(၈၆၉၁)စု နှင့် ယာယီရွှေ့ပြောင်း(၃၃၀၂)စု ရှိကြောင်း ပြည်နယ်လူမှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှသိရသည်။