မြဝတီ-မဲဆောက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကို တစ်ပတ်အထိ ရက်တိုးသတ်မှတ်

...

မြဝတီ-မဲဆောက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကို တစ်ပတ်အထိ ရက်တိုးသတ်မှတ်

Karen News, 07 Oct 2016

URL: http://karennews.org/2016/10/myawaddy-mae-sot-temporary-border-crossing-permit-extended-from-one-to-seven-days.html/
နှစ်နိုင်ငံအကြား အစိုးရသစ်၏လက်အောက်တွင် မြဝတီ-မဲဆောက်သို့ဖြတ်ကျော်မည့် ခရီးသွားများကို မဲဆောက်တွင်
ခုနစ်ရက် နေထိုင်ရန် ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။ သဘောတူညီမှုသည် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်
စတင် သက်ရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၊
တော်ဝင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ ရက်တိုးသတ်မှတ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

ယခင်က မြဝတီ-မဲဆောက် နယ်စပ်ဖြတ်ကျော်သည့် သူများအား ၎င်းတို့၏ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များ
နှင့်အတူ မနက်(၆)နာရီမှ ည(၆)နာရီအထိ တစ်ရက်သာခွင့်ပြုထားသည်။

ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကိုပြုလုပ်ရာတွင် မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ယင်းလက်မှတ်
အတွက် မြန်မာ(လဝက)ဌာနတွင် ကျပ်ငွေ ၁၅၀၀ အပြင် ထိုင်းဘက်ခြမ်းတွင် ဘတ်ငွေ ၂၀ ကုန်ကျမည်ဖြစ်ပြီး မဲ
ဆောက်မြို့အတွင်းရှိ ဖုတ်ဖရနှင့် မဲ့ရမတ် မြို့နယ်များအထိ လွတ်လပ်စွာ သွားခွင့်ရှိမည်ဖြစ်သည်။

ထို့ပြင် မြဝတီမှတဆင့် ကိုယ်ပိုင်ကားဖြင့် လာရောက်မည့်သူများအနေဖြင့် မြန်မာကျပ်ငွေ ၂၅၀၀၀ ကျပ်ကုန်ကျမည်
ဖြစ်သော်လည်း ဖုတ်ဖရနှင့် မဲ့ရမတ်မြို့နယ်များအထိ သွားလာခွင့် ရှိမည်မဟုတ်ဘဲ မဲဆောက်မြို့ စည်ပင်နယ်နိမိတ်
အတွင်းသာ သွားလာနိုင်ကြောင်း သိရသည်။ မြဝတီမြို့မှတဆင့် နယ်စပ်တံတားကို ဖြတ်ကျော်ကာ မဲဆောက်မြို့အ
တွင်းသို့ နေ့စား လာရောက်လုပ်ကိုင်သူများ၊စျေးဝယ်သူများ၊ ဆေးလာရောက်ကုသမှုများနှင့် အလည်အပတ် လာ
ရောက်သူများနေ့စဉ် ရှိနေပြီး ယခုလက်မှတ်မှာ မြဝတီ-မဲဆောက် နယ်စပ်တံတားမှ တရားဝင် ဝင်ရောက်လာသူများ
အတွက်သာ အကျုံးဝင်သည်ဟုသိရသည်။