မြန်မာမှ ခရီးသွားလုပ်ငန်းအား အလေးထားဆောင်ရွက်မည်

...

မြန်မာမှ ခရီးသွားလုပ်ငန်းအား အလေးထားဆောင်ရွက်မည်

TTR Weekly, 31 Jul 2017

URL: http://www.ttrweekly.com/site/2017/07/myanmar-emphasis-on-ecotourism/
နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် အရေအတွက် တိုးလာစေရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာ့ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် ခရီးသွားလာရေးလုပ်ငန်းအား အာရုံစိုက် လုပ်ဆောင်မည်ဖြစ်သည်။

ယခုအခါ စျေးကွက်ခိုင်မာလာပြီဖြစ်သော ခရီးသွားလာရေးလုပ်ငန်းနှင့် လူမှုအခြေစိုက်ကမ္ဘာလှည့်ခရီးသွားငန်းသည် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်လေ့ရှိပြီး မြန်မာမှ ပြည်တွင်းနှင့် လူထုအခြေစိုက်ကမ္ဘာလှည့်ခရီးသွား
လုပ်ငန်း၌ အတွေ့အကြုံများကို ရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ရှိပြီးသားနေရာ(၁၆)ခုအပါအဝင် တိုးတက်မှုအနည်းအပါးရှိသောနေရာများ၊ စကိုင်း ၊ မန္တလေး၊ မကွေး၊ ရန်ကုန်တိုင်း၊ ရှမ်း၊ ကရင်နီနှင့် ကချင်ပြည်နယ်စသည်ဖြင့် လူထုအခြေစိုက် ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းစီမံကိန်းများအပါအဝင် စုစုပေါင်း ကမ္ဘာလှည့်ခရီးသွားနေရာ(၂၁)နေရာရှိသည်။

Marine ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းကိုလည်း မြိတ်ကျွန်းစုတွင် ဖွင့်လှစ်ထားသည်။ နိုင်ငံသည် ယခုအခါ နိုင်ငံတောင်ပိုင်းတွင် တည်ရှိသော ကျွန်းစုများကို အဆင့်မြှင့်တင်ဆောင်ရွက်နေပြီဖြစ်သည်။ ထိုဒေသသည်
မန္တလေး၊ ပုဂံနှင့် ရန်ကုန်စသည်တို့ကို လည်ပတ်ပြီးနှင့်ပြီဖြစ်သော ခရီးသွားများကို ဆွဲဆောင်နိုင်မည့်နေရာတစ်ခုဖြစ်သည်။

ယခုနှစ်ကုန်ပိုင်းတွင် ပဲခူးရိုးမရှိ အုတ်တွင်းနှင့် ပေါက်ခေါင်းမြို့နယ်များတွင် ခရီးသွားလုပ်ငန်းနေရာသစ်တစ်ခု ဖွင့်လှစ်မည်ဟု ဧရာဝတီမီဒီယာတွင် ဖော်ပြထားသည်။