ပုဒ်မ ၆၆(ဃ) ကို ပြစ်ဒဏ်လျှော့ချ အာမခံပေးရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

Myanmar Times, 04 Aug 2017
URL: HTTPS://WWW.MMTIMES.COM/NATIONAL-NEWS/NAY-PYI-TAW/27089-AMYOTHA-HLUTTAW-AMENDS-TELECOMMUNICATIONS-LAW-BUT-CONTENTIOUS-SECTION-66-D-SURVIVES.HTML
ဆက်သွယ်ရေးဥပဒေအား ပြင်ဆင်သည့်ဥပဒေတွင် ပုဒ်မ၆၆(ဃ)အား ထောင်ဒဏ်၊ ပြစ်ဒဏ်လျှော့ချကာ အာမခံပေးရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်သည်။
ဝေဖန်မှုများရှိနေသည့် ပုဒ်မ၆၆(ဃ)အား ပယ်ဖျက်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့မှ လွှတ်တော်တွင်း ဆွေးနွေးကြိုးပမ်းခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့က
ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်လည်း ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များအတိုင်း အတည်ပြုခဲ့ပြီဖြစ်သည်။
ပုဒ်မ ၆၆(ဃ)အား ပြင်ဆင်သည့် အဓိကအချက်များမှာ သုံးနှစ်ထက်မပိုသောပြစ်ဒဏ်အစား နှစ်နှစ်ထက်မပိုသော ပြစ်ဒဏ်ဟုလည်းကောင်း၊ အာမခံပေးနိုင်သည့်ပုဒ်မဟုလည်း
ကောင်း၊ တရားစွဲဆိုရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရမည်ဟုလည်းကောင်း၊ တရားစွဲဆိုရာတွင် ကာယကံရှင်ကိုယ်တိုင် သို့မဟုတ် တရားဝင်
ကိုယ်စားလှယ် လွှဲအပ်ထားသူမှသာ စွဲဆိုရမည်ဟု လည်းကောင်း ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အသစ်ပြင်ဆင်ရန် သမ္မတရုံးက အကြံပြုထားသည့်မူကြမ်းအရ ပုဒ်မ ၆၆(ဃ)ကို အာမခံပေးနိုင်သည့် အမှုအဖြစ် သတ်မှတ်ထားသည့်တိုင် အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။
ပုဒ်မ ၆၆(ဃ)သည် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်မကိုက်ညီခြင်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် မကိုက်ညီခြင်းနှင့် ပြည်သူလူထုကို ခြိမ်းခြောက်နေသည့် ဥပဒေဖြစ်နေသောကြောင်း
ပယ်ဖျက်သင့်သည်ဟု တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒအမှတ်(၈)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဥက္ကာမင်းက အကြံပြုဆွေးနွေးသည်။