မွန်ပြည်နယ်ရှိ စာသင်ကျောင်းများတွင် ကွန်ပြူတာတက်ဘလက်အသုံးပြုမှု စတင်မည်

...

မွန်ပြည်နယ်ရှိ စာသင်ကျောင်းများတွင် ကွန်ပြူတာတက်ဘလက်အသုံးပြုမှု စတင်မည်

DVB, 02 Aug 2017

URL: http://www.dvb.no/news/mon-schoolchildren-to-get-computer-savvy/76695
မွန်ပြည်နယ်ရှိ စာသင်ကျောင်း(၈)ကျောင်း၌ စာသင်ခန်းများတွင် တက်ဘလက်ကို စတင်မိတ်ဆက်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အခြေခံပညာရေးဌာနမှ ကြေငြာခဲ့သည်။ နောင်တွင် ထိုအစီအစဉ်ကို
အခြေခံပညာအထက်တန်းကျောင်းများတွင် ပိုမို တိုးချဲ့ထည့်သွင်းသွားမည်ဖြစ်သည်။

“မွန်ပြည်နယ် ကျောင်း ၈ ကျောင်းမှာ တက်ဘလက်(၉၉)လုံး ခွဲဝေချထားပေးခဲ့ပါတယ်" ဟု ဒေသကြီးအခြေခံပညာရေးဌာနမှ အုပ်ချုပ်ရေးအရာရှိဖြစ်သူဦးထွန်းမြင့်ဦးကပြောသည်။“စာသင်ခန်းတွေမှာ
တက်ဘလက်အသုံးပြုပြီးသင်ကြားစေဖို့အတွက် ဘယ်လိုကိုင်တွယ်ရတယ်ဆိုတာကို သံဖြူဇရပ် အထက်တန်းကျောင်းတစ်ခုက ဆရာ၊ ဆရာမတွေကို သင်တန်းစတင်ပေးနေပါပြီ။ တက်ဘလက်ကို ၇
တန်း ၊ ၈ တန်း နဲ့ ၉ တန်းမှာ အသုံးပြုမှာပဲဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းကျောင်းသားကြီးတွေကိုလည်း သူတို့စာသင်ခန်းတွေမှ ကွန်ပြူတာသင်ပေးမှာဖြစ်ပါတယ်။

”ဒီ အစီအစဉ်အတွက် “UNESCO က ရန်ပုံငွေ ငွေကြေးပေးတာ နှစ်နှစ်ရှိပါပြီ။ အဲ့နှစ်နှစ်ပြီးတဲ့နောက်မှာတော့ ပညာရေးဌာနက ဆက်လက်ပံ့ပိုးပေးသွားမှာပါ ”ဟု သူကပြောခဲ့သည်။

မွန်ပြည်နယ်၌ ထိုအစီအစဉ်အတွက် ဘီလင်းနှင့်သံဖြူဇရပ်မြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းစီ၊ ပေါင်၊ ချောင်းဆုံနှင့်ကျိုက်မရောမြို့နယ်များ၌ ကျောင်း နှစ်ကျောင်းစီအား ရှေ့ပြေးစမ်းသပ်စီမံကိန်း
ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။

၂၀၁၆-၂၀၁၇ စာသင်နှစ်ကတည်းကပင် ထိုအစီအစဉ်ကို စတင်ခဲ့ပြီး မြန်မာနိုင်ငံရှိ တချို့စာသင်ကျောင်း(၃၁)ကျောင်းတွင် ၎င်းတို့စာသင်ခန်းများ၌ တက်ဘလက်ကို အစပျိုးမိတ်ဆက်နေပြီဖြစ်သည်။