အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရာတွင် နိုင်ငံတကာပါဝင်ရေး ဆက်လက်ဆွေးနွေးရဦးမည်

...

အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရာတွင် နိုင်ငံတကာပါဝင်ရေး ဆက်လက်ဆွေးနွေးရဦးမည်

Myanmar Times, 18 Aug 2017

URL: HTTPS://WWW.MMTIMES.COM/NATIONAL-NEWS/YANGON/27318-CEASEFIRE-BETWEEN-UNFC-GOVERNMENT-REMAINS-DISTANT-DREAM.HTML
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)နှင့် အစိုးရအဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေသည်(၁၄) လ ကြာမြင့်ပြီဖြစ်သော်လည်း သဘောတူညီချက်မှာ အိမ်မက်ပမာဝေးနေဆဲဖြစ်သည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက အစိုးရထံ အဆိုပြုထားသည့် ရှစ်ချက်အနက် နိုင်ငံရေးဆွေးနွေးပွဲပုံစံ၊အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးတွင် နိုင်ငံတကာ အဖွဲ့အစည်းများပါဝင်မည့် အခန်းဏ္ဍနှင့်
ပတ်သတ်၍ သဘောတူညီမှု မရရှိသေးဘဲ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေဆဲဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့ကိုကိုယ်စားပြုသည့် UNFC နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့တွင်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစုအဖွဲ့(၃)ဖွဲ့သာ ပါဝင်သည့် သုံးပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲပုံစံကို UNFC က အဆိုပြုထားသည်။ အစိုးရကိုယ်စားလှယ်များကမူ အဆိုပါကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲမူဘောင်သုံးသပ်သည့် အစည်းအဝေးများတွင် ဆွေးနွေးရန်
အကြံပြုထားကြောင့် ဆွေးနွေးရာတွင် ပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်များက ပြောသည်။

လက်ရှိနိုင်ငံရေးဆွေးနွေးပွဲမူဘောင်အရ ပြည်ထောင်စုညီလာခံ ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်သည့် အစုအဖွဲ့ ၅ခုထက်မနည်းရှိနေသည်။ ယင်းကို လျှော့ချပြီး အစိုးရ(တပ်မတော်အပါအဝင်)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
အစည်းနှင့် နိုင်ငံရေးပါတီဟု ၃ ပွင့်ဆိုင်သာ ဆွေးနွေးရန် UNFC ကအဆိုပြုထားခြင်းဖြစ်သည်။

အဆိုပြုချက်ရှစ်ချက်၏ ထက်ဝက်ခန့်ကိုသာ သဘောတူညီမှုရရှိခဲ့ပြီး တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် တပ်များ နေရာချ ထားမှု ကြိုတင်သဘောတူညီချက်ရယူရေးနှင့် နှစ်ဖက်လက်ခံနိုင်သည့် နိုင်ငံတကာ အစိုးရကိုယ်
စားလှယ်များနှင့် အပစ်အခတ် ရပ်စဲ ရေး စောင့်ကြည့်ရန် စသည့် အချက်များကိုမူ ငြိမ်းချမ်းရေး ကော်မရှင်အဆင့်နှင့် ဆုံးဖြတ်မရကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။

တတိယအကြိမ်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ မတိုင်မီ UNFC အဖွဲ့ဝင်များအနေဖြင့် အပစ်ရပ်စာ ချုပ်မှာ လက်မှတ်ရေးထိုးပြီး ညီလာခံကို တက်ရောက်စေချင်ကြောင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်
ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း က အစည်းအဝေးတွင် ပြောကြားခဲ့သည်။