ကရင်ပြည်နယ်တွင် မူးယစ်ဆေးပညာပေး ဟောပြောပွဲ ပထမဦးဆုံးအကြိမ်ကျင်းပ

...

ကရင်ပြည်နယ်တွင် မူးယစ်ဆေးပညာပေး ဟောပြောပွဲ ပထမဦးဆုံးအကြိမ်ကျင်းပ

Burma News International, 25 Aug 2017

URL: http://www.bnionline.net/news/karen-state/item/3418-drug-rehab-group-starts-education-campaign-in-kayin-state.html
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ဝင်းကရော်ဒေသ၊ တောင်းဒီးရွာ၌ မြန်မာနိုင်ငံမူးယစ်ဆေးသုံးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(ဗဟို)က ဦးဆောင်ကာ မူးယစ်ဆေးဝါးအလွဲသုံးစား
မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲတခုကို သြဂုတ်လ(၂၃)ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ဥက္ကဌ ပဒိုစောမောင်ရွှေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်
ထွန်းမြတ်ကျော်၊ မြန်မာနိုင်ငံ မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(ဗဟို)ဥက္ကဌဦးစံရှိန်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသူကျောင်းသားများနှင့် ဒေသခံများ စုစုပေါင်း ၅၀၀ ကျော်
တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲရည်ရွယ်ချက်နှင့်ပတ်သတ်၍ မြန်မာနိုင်ငံမူးယစ်ဆေးသုံးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(ဗဟို)ဥက္ကဌဦးစံရှိန်က “မူးယစ်ဆေးဝါးဟာ နေရာဒေသတိုင်းမှာရောက်ရှိနေပါ
တယ်။ ဆိုကျိုးတွေကိုသာ ပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့် ဆက်နွယ်တဲ့လူတန်းစားနဲ့ နီးစပ်တဲ့လူတန်းစားတွေကို အသိ၊ သတိရှိဖို့ လာရောက်အသိပေး ဟောပြောတာဖြစ်ပါတယ်” ဟု
ကေအိုင်စီသို့ပြောသည်။

ကရင်အမျိုးသားအစည်းအရုံးမှ ဝင်းရေးမြို့နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ ၂၀၀ ကျော်ကို ကော်သူးလေ၁/၂၀၁၄ မူးယစ်ဥပဒေဖြင့် အရေးယူခဲ့ပြီး WY စိတ်ကြွ
ဆေးပြား အလုံးရေ ၅၀၀၀ ကျော် မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။