မွန်ပြည်နယ်တွင် တိုင်းရင်းသားရေးရာရုံး ဖွင့်လှစ်မည်

...

မွန်ပြည်နယ်တွင် တိုင်းရင်းသားရေးရာရုံး ဖွင့်လှစ်မည်

The Global New Light of Myanmar, 28 Aug 2017

URL: https://issuu.com/myanmarnewspaper/docs/28_aug_17_gnlm
တိုင်းရင်းသားရေးရာဝန်ကြီးဌာနလက်အောက်ရှိ တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုဌာန နှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာနမှ ၎င်းတို့ ညွှန်ကြားရေးမှုရုံး
ဆောက်လုပ်ရန်အတွက် ယမန်နေ့နံနက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ၊ မင်းရပ်ကွက်ရှိ ကျိုက်မရောလမ်းမကြီးဘေး မြေနေရာတွင် ပဌက်ရိုက်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင် ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ အေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တာဝန်ရှိသူတစ်ဦးမှ စီမံကိန်းအကြောင်းကို အကျဉ်းချုံးတင်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မြေပဌက်ရိုက်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ အထူးဆောက်လုပ်ရေးအဖွဲ့(၁၃)မှ ၄၈-၆၀အကျယ်ရှိ ကွန်ကရစ်ခင်း နှစ်ထပ်ရုံးအဆောက်အဦး ဆောက်လုပ်နေပြီဖြစ်သည်။

တိုင်းရင်းသားရေးရာရုံးများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ကရင်၊ ကယား၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်လည်း ဆောက်လုပ်သွားမည်ဖြစ်သည်။