မြဝတီစီးပွားရေးဇုန်၌ မကြာမီဖွင့်လှစ်မည့်ဖိနပ်စက်ရုံတွင် အလုပ်အကိုင်အခွင့်အလမ်း(၃၀၀)ကျော်ရရှိမည်

...

မြဝတီစီးပွားရေးဇုန်၌ မကြာမီဖွင့်လှစ်မည့်ဖိနပ်စက်ရုံတွင် အလုပ်အကိုင်အခွင့်အလမ်း(၃၀၀)ကျော်ရရှိမည်

The Global New Light of Myanmar, 28 Sep 2017

URL: HTTPS://ISSUU.COM/MYANMARNEWSPAPER/DOCS/28_SEPT_17_GNLM
လူ(၃၀၀)ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးမည့် ဖိနပ်စက်ရုံကို ထိုင်းမြန်မာနယ်စပ်နှင့်နီးသည့် မြဝတီစီးပွားရေးဇုန်တွင် မကြာမီဖွင့်လှစ်တော့မည်ဖြစ်သည်။

စက်ရုံသည် မြို့နှင့် ၇ မိုင်အကွာတွင် တည်ရှိသည်။ မြဝတီစီးပွားရေးစက်မှုဇုန်ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြေကွက်စုစုပေါင်း (၃၇)ကွက်ကို စက်ရုံတည်ဆောက်ရန်အတွက် ရောင်းချခဲ့ပြီးဖြစ်သော်လည်း
စက်ရုံ(၃)ရုံသာ ယခုအခါ ဖွင့်လှစ်နိုင်သေးသည်။

“ဖိနပ်စက်ရုံကို ၂၀၁၆ နှစ်စပိုင်းမှာ ဆောက်လုပ်ခဲ့ပါတယ်။ အစိုးရခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ပါ။ စက်ရုံဆောက်ပြီးပြီဖြစ်တာကြောင့် အခုအလုပ်သမားတွေကို စငှားနေပါပြီ။ အလုပ်သမား(၃၀၀)
လောက်လိုမယ်လို့ခန့်မှန်းထားပါတယ်။ လာရောက်လျှောက်ထားတဲ့သူတွေအနေနဲ့ စက်ချုပ်တတ်ရမယ်၊ထိုင်းစကားပြောတတ်ရင်ပိုကောင်းပါတယ်။ ကျွမ်းကျင်မှုမရှိတဲ့မြန်မာအလုပ်သမားတွေကို ဘန်ကောက်ကလာတဲ့ကျွမ်း
ကျင်အလုပ်သမား(၅၀)က သင်တန်းပေးပါမယ်။

ကျွမ်းကျင်မဟုတ်သေးတဲ့အလုပ်သမားတွေကို တစ်ရက်ကို ဘတ်(၁၂၀)ပေးပြီး၊ ကျွမ်းကျင်အလုပ်သမားတွေကိုတော့ တစ်ရက်ကိုဘတ်(၁၅၀)ရပါမယ်။ အချိန်ပိုကြေးလည်းရပါမယ်။ နယ်မှလာတဲ့အလုပ်သမားတွေအတွက်
အဆောင်လည်း စီစဉ်ပေးပါမယ်။
စက်ရုံကို မကြာခင်ဖွင့်လှစ်တော့မှာပါ။ လျှပ်စစ်မီးအတွက်လည်း မီးစက်ကြီး အသုံးပြုပါမယ်” ဟု စက်ရုံပိုင်ရှင်ဒေါ်သင်းသင်းမြတ်က ပြောခဲ့သည်။

“ အလုပ်လျှောက်လွှာတွေကို အခုစတင်လက်ခံနေပါပြီ။ ဒီနေ့တစ်ရက်ထဲနဲ့ လျှောက်လွှာ(၅၀)လက်ခံရရှိပါတယ်။ အခြားနေရာကသူတွေလည်း အလုပ်လာလျှောက်ကြပါတယ်။ လိုအပ်မှုနဲ့ကိုက်ညီမှုရှိရင်တော့ သူတို့ကိုခန့်မှာပါ။
စက်ရုံကို မကြာမီမှာဖွင့်တော့မှာဖြစ်ပြီး နောက်တစ်လလောက်ဆိုရင်ဖွင့်ပါပြီ ”ဟု စက်ရုံမန်နေဂျာ ဇော်မင်းဦးက ပြောသည်။