ရန်ကုန် Water Bus အောက်တိုဘာ ၇ ရက်နေ့၌ ပြေးဆွဲမည်

...

ရန်ကုန် Water Bus အောက်တိုဘာ ၇ ရက်နေ့၌ ပြေးဆွဲမည်

Myanmar Times, 03 Oct 2017

URL: https://www.mmtimes.com/news/water-vehicles-launch-saturday.html
ရန်ကုန်မြစ်ကြောင်းတလျှောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် Yangon Water Bus ကို အောက်တိုဘာ ၆ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်၍ ၇ ရက်နေ့တွင် သင်္ဘောစင်းရေ(၁၆)စင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း
Tint Tint Myanmar Group of Companies ထံမှ အောက်တိုဘာ ၂ ရက်နေ့၌ သိရှိရသည်။

လေးလကြာနှောင့်နှေးကြန့်ကြာခဲ့ပြီးနောက် water taxi စနစ်သစ်ကို အောက်တိုဘာ(၇)ရက်နေ့တွင် တရားဝင်စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ ပြောရေးဆိုင်ခွင့်ရှိသူ ကိုထွန်းနိုင်လင်းက ပြော
ခဲ့သည်။

water taxi နှင့် ပတ်သတ်သည့်သတင်းစာရှင်းလင်းပွဲကို မေလနှောင်းပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဇွန်လအစောပိုင်းတွင် စတင်ရန်မျှော် မှန်းထားခဲ့သည်။ သို့သော်လည်း အစိုးရထံမှ ခွင့်ပြုခွင့်ရရန်ကြန့် ကြာမှုများရှိခဲ့သောကြောင့်
စီမံကိန်းကို စတင်လုပ်ဆောင်ရန်အတွက် ယခုလမှ ခွင့်ပြုမိန့်ရရှိခဲ့သည် ။

“ကျွန်တော်တို့ ဖွင့်ပွဲကို အောက်တိုဘာ(၆)ရက်နေ့မှာ လုပ်မှာဖြစ်ပြီး အောက်တိုဘာလ(၇)ရက်နေ့မှ စတင်ပြေးဆွဲပါမယ်။ လာရောက်စီးနင်းကြမယ့်ခရီးသွားတွေအနေနဲ့ prepaid (ကြိုတင်ငွေပေးစီးနင်းခွင့်ကတ်)ကို အသုံး
ပြုရမှာဖြစ်ပါတယ်။ ဒီကတ်တွေကို ဆိပ်ကမ်းတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ကတ်စျေးနှုန်းကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ ခရီးအတွက်စီးခ ၃၀၀ ကျပ် လို့ ကျွန်တော်တို့သတ်မှတ်ထားပါတယ်” ဟု ကို
ထွန်းနိုင်လင်းကပြောပြခဲ့သည်။

အင်းစိန်မှ ဘိုတထောင်ထိ စုစုပေါင်း ဆိပ်ကမ်း(၆)ခုရှိသည်။ အောက်တိုဘာ(၇)ရက်နေ့တွင် water taxis သည် ဘိုတထောင်မြို့နယ် ၊ အင်းစိန်မြို့နယ် ၊ အောင်ဇေယျတံတားအနီးစသည့် လမ်းကြောင်းများမှ စတင်ပြေးဆွဲ
မည်ဖြစ်သည်။

ပြေးဆွဲမည့်အချိန်ဇယားကို ဆိပ်ကမ်းများတွင် ကပ်ထားမည်ဖြစ်သည်။

ရေလမ်းခရီးသယ်ယူပို့ဆောင်ရေးစနစ်သည် လမ်းကြောင်း ၃ ခုတွင်ပြေးဆွဲမည်ဖြစ်သည်- လှိုင်မြစ် ၊ ငမိုးရိပ်ချောင်းနှင့် သံလျင်မြို့နယ်အနီးရှိ မြစ်ကြောင်းတွင် ဖြစ်သည်။ ပထမတသုတ်ကို အင်းစိန်မှ ဘိုတထောင်မြို့နယ်
သို့ ပြေးဆွဲမည်ဖြစ်သည်။

တင့်တင့်မြန်မာကုမ္ပဏီ၏ CEO ဖြစ်သူ ဒေါ်တင့်တင့်လွင်က ခရီးသည်များသည် ကုမ္ပဏီမှ ထုတ်ထားသည့် ကြိုတင်ပေးငွေကတ်အပြင် ၎င်းတို့ အဆင်ပြေစေရန်အတွက် ယခုအခါ မည်သည့်ကတ်ကိုမဆို အသုံးပြုနိုင်ကြောင်း
ပြောခဲ့သည်။
Water taxis သည် နယ်သာလန်နိုင်ငံကဲ့သို့ နိုင်ငံအများအပြားတွင် ပေါ်ပြူလာဖြစ်သည့်စနစ်တခုဖြစ်သည်။