ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေး အစီအစဉ်များ စတင်မည်

...

ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေး အစီအစဉ်များ စတင်မည်

Myanmar Times, 09 Oct 2017

URL: https://www.mmtimes.com/news/co-op-education-programs-underway-spur-long-term-development.html
ရေရှည်ပူးသမဝါယမလုပ်ငန်းများတိုးတက်စေရန်အတွက် အသိ ပညာပေး အစီအစဉ်များနှင့် ဆွေးနွေးမှုများစတင်လုပ်ဆောင်နေပြီဖြစ်ပြီး လယ်သမားများနှင့် နိုင်ငံသားများအား
ချေးငွေများ ပံ့ပိုးပေးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးအောင်က ပြောခဲ့သည်။

သမဝါယမဦးစီးဌာနသည် ယခင်အစိုးရလက်ထက်တွင် သမဝါယမဝန်ကြီးဌာနလက်အောက်ရှိ သီးခြားဌာနတစ်ခုဖြစ်သည်။ ယခုအစိုးရလက်ထက်တွင် ဝန်ကြီးဌာနနှစ်ခုစလုံးသည်
နိုင်ငံ၏ စိုက်ပျိုးစီးပွားရေးနှင့် မွေးမြူရေးအတွက် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်ရန်အတွက် အတူတကွပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။

“အဓိကရည်ရွယ်ချက်ကတော့ စိုက်ပျိုးရေးနဲ့အခြားကဏ္ဍတွေမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ပါပဲ”ဟု ၎င်းက မြန်မာတိုင်းမ်သို့အောက်တိုဘာ(၇)ရက်နေ့တွင် ပြောခဲ့သည်။

ထိုသို့ပြုလုပ်နိုင်ရန်အတွက် သမဝါယမဦးစီးဌာနသည် နိုင်ငံတလျှောက်တွင် သမဝါယမစနစ်များ ပေါ်ပေါက်လာစေရန်အတွက် ပညာပေး အစီအစဉ်များကို အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆက်လက်
လုပ်ဆောင်သွားမည်ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့စီက တိုင်းနဲ့ပြည်နယ်(၃)ခုစီ တာဝန်ယူရပါမယ် ဟု ဦးအောင်မျိုးက ထပ်ပေါင်းပြောကြားခဲ့သည်။

“အရင်က သမဝါယမအဖွဲ့ခွဲဖွဲ့ရာမှာ အခက်အခဲတချို့ရှိခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေကို လမ်းညွှန်မှုတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အသိပညာပေးဖို့ အစီအစဉ်တွေ
ထည့်သွင်းခဲ့တာပါ။ အခုအခါ အစီအစဉ်တွေကို စတင်ဆောင်ရွက်နေပါပြီ။”