အများမျှော်နေသည့် ကုမ္ပဏီများ ဥပဒေသစ် အတည်ပြုပြီ

...

အများမျှော်နေသည့် ကုမ္ပဏီများ ဥပဒေသစ် အတည်ပြုပြီ

Frontier Myanmar, 08 Dec 2017

URL: https://frontiermyanmar.net/en/foreign-investors-win-big-in-new-companies-law
ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ စောင့်မျှော်နေကြသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ဒီဇင်ဘာ ၆ ရက်တွင် သမ္မတဦးထင် ကျော်က လက်မှတ်ရေးထိုး၍ အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကို ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြု အမှတ်စဉ် ၂၉/၂ဝ၁၇ ဖြင့် ပြဌာန်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခု ဥပဒေသစ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင် နှုန်းအထက် ပိုမိုသည့် လုပ်ငန်းများကိုသာ နိုင်ငံခြားသား ကုမ္ပ ဏီအဖြစ် သတ်မှတ်မည်ဖြစ်သည်။

ယင်းအချက်သည် ပြည်တွင်းလုပ်ငန်းများအနေဖြင့် ရင်းနှီး မြှုပ် နှံမှု ဖိတ်ခေါ်ရန်အတွက် အလားအလာကောင်းများ ဖြစ်လာနိုင် သည့်အချက် ဖြစ်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ထား သည်။ ယခင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေဟောင်း
သည် လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်နှောင်းပိုင်း ၁၉၄ဝ ပြည့်နှစ်ကတည်းက ပြဌာန်းထားခဲ့ခြင်းဖြစ်သဖြင့် ခေတ်နှင့်မညီ တော့သောအချက် အများအပြားရှိနေခဲ့သည်။ ထို့ကြောင့် ခေတ်နှင့်ဆီလျော်သော ဥပဒေသစ်ကို အများက စောင့်မျှော်နေ
ကြခြင်း ဖြစ်သည်။

ထို့အတူ ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း နိုင်ငံခြားသားများကို အစုရှယ်ယာရောင်းချနိုင်ရေးမှာ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ သစ်တွင် လိုအပ်ချက်ဖြစ်နေသည်ဟု စီးပွားရေးပညာရှင်များက ပြောကြသည်။ အကြောင်းမှာ ဥပဒေဟောင်းတွင်
တစ်ရာခိုင်နှုန်း သော ရှယ်ယာကို နိုင်ငံခြားသားက ပိုင်လိုက်လျှင် ထိုကုမ္ပဏီသည် နိုင်ငံခြားကုမ္ပဏီဖြစ်သွားမည်ဖြစ်ရာ နိုင်ငံခြားကုမ္ပဏီများ စာရင်းဝင် အမည်ပေါက်ခွင့် မရှိသည့် ရန်ကုန်စတော့အိတ်ချိန်းက ရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်
ခွင့်မရပေ။

လက်ရှိတွင် ရန်ကုန်စတော့ရှယ်ယာစျေးကွက်များ အရောင်းအဝယ်ဖြစ်ပေါ်မှု နည်းနေခြင်းသည် နိုင်ငံခြားသားများ ပါဝင်ရင်းနှီးမြှုပ် နှံရန် အလားအလာမရှိခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းအုပ်ချုပ်မှု
ဒါရိုက်တာ ဦးရဲ မင်းအောင်က မြန်မာတိုင်း(မ်)ကို ပြောထားသည်။

ထိုအတွက်သာမက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်သည် စီးပွားရေးလုပ်ငန်းအားလုံးအတွက် အရေးတကြီးလိုအပ်နေသည့် ဥပ ဒေတစ်ရပ်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

ယခုပြဌာန်းလိုက်သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်တွင် ပုဒ်မ ၄၇၆ ခုပါဝင်သည်။ ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီဖွဲ့စည်းပုံအခြေ ခံစည်းမျဉ်းများကို စနစ်တကျဖော်ပြရန် အချက်ကို ပုဒ်မ ၁၆ တွင်ထည့်သွင်းထားသည်။ ထို့အတူ ပုဒ်မ ၆၃၊ ပုဒ်မခွဲ
(က) တွင် ကုမ္ပဏီဒါရိုက်တာအဖွဲ့သည် အစုရှယ်ယာ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို မည်သည့်အချိန်တွင်မဆို စည်း ကမ်းချက်များကို သတ်မှတ်၍ ပုဂ္ဂိုလ်တစ်ဦးဦးသို့ ထုတ်ဝေရောင်းချနိုင်သည်ဟု ဖော်ပြထားသည်။

ထို့အတူ ဥပဒေတစ်ရပ်လုံးအနေဖြင့် အစုရှယ်ယာရောင်းဝယ်ခြင်းများ၊ အမြတ်ပေးဝေခြင်းဆိုင်ရာကိစ္စရပ်များ၊ မတည်ရင်းနှီးငွေ လျှော့ချခြင်းနှင့် အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ရယူခြင်းကိစ္စရပ်များကို ကျယ်ပြန့်စွာ ထည့်သွင်းပြဌာန်းထားသည်။