မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်အေးဇံ ဦးဆောင်သောအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့ တို့ အလွတ်သဘောတွေ့ဆုံ

...

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်အေးဇံ ဦးဆောင်သောအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့ တို့ အလွတ်သဘောတွေ့ဆုံ

Myanmar Times, 04 Dec 2017

URL: https://www.mmtimes.com/news/nmsp-leader-mon-chief-minister-hold-meeting-peace-pact.html
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်သစ်ပါတီ(NMSP)မှ ခေါင်းဆောင်များ အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း NMSP ဘက်က ပြောသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ပုပ္ဖဝ တီကျေးရွာ ပုပ္ဖဝတီသာသနာပြုနယ်မြေ ကိုရင်လေးကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သောအဖွဲ့နှင့် NMSP မှ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်သောအဖွဲ့တို့ အလွတ်သဘော
တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

NMSP မှ ဗဟိုကော်မတီဝင် ဒေါက်တာနိုင်ရွှေသိန်းက “ ကျနော်တို့ NCA လက်မှတ်ထိုးနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်က လာရှင်းပြတာပေါ့။ သူက လက်မှတ်ထိုးရင် ဘယ်လိုဆိုတာ ချပြတာပေါ့။ ကျနော်တို့ကလည်း ဗဟိုကော်မတီအစည်းအဝေးက ချမှတ်ခဲ့တဲ့
အချက်တွေကို ပြန်ရှင်းပြခဲ့တယ်။ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးတာပါ”ဟု ပြောသည်။

နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံမှုနှင့်ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရသည့်အတွက် တစုံတရာ မသိရပေ။

လက်ရှိတွင် NMSP သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၌ ဥက္ကဌတာဝန်ကို ရယူထားပြီး အဖွဲ့ဝင်များနှင့်အတူ NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့်တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

အစိုးရနှင့် ဆွေးနွေးနေရာတွင် UNFC မှ အဆိုပြုထားသော အချက် ၈ ချက်အနက် ၁ ချက်သာ ညှိနှိုင်းရန် ကျန်ရှိတော့ပြီး ထိုအချက် ညှိနှိုင်းမှု အဆင်ပြေပါက NCA လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသော အချက်ကို ကျော်လွှားနိုင်ရန်အတွက် NMSP သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ဗဟိုကော်မတီ အစည်းအဝေးတရပ်ကို ကျင်းပခဲ့ပြီး သဘောထား ချမှတ်မှုများ ပြုလုပ်ခဲ့ကာ UNFC အဖွဲ့ဝင်များထံ တင်ပြ၍ သဘောတူညီမှု ရယူ သွားမည်
ဖြစ်ကြောင်း NMSP မှ ဗဟိုကော်မတီဝင် ဒေါက်တာနိုင်ရွှေသိန်းက ပြောသည်။

ညှိနှိုင်းရန် ကျန်ရှိနေသော အချက်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတွေကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမို ကရေစီပြည်
ထောင်စုနိုင်ငံ တည်ဆောက်သွားရန်ဆိုသည့် အချက်ဖြစ်ကြောင်း သိရသည်။

UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင် အမျိုးသားကောင်စီ(ANC) တို့ပါဝင်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှာမူ နှုတ်ထွက်စာတင်ထားသည်။