ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲပြုလုပ်

...

ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲပြုလုပ်

Burma News International, 12 Dec 2017

URL: https://www.bnionline.net/en/news/kayin-state-mps-hold-first-public-forum
ကရင်ပြည်နယ်အစိုးရ တာဝန်ယူသည့် သက်တမ်းတစ်လျှောက် ဖားအံမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ပြည်သူလူထုနှင့် အစိုး ရ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၉ ရက်နေ့က ဖားအံမြို့၊
အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုမှာ မဲဆန္ဒရှင်ပြည်သူများ တွေ့ကြုံခံစားနေ သည့် အခက်အခဲများ၊ လိုအပ်ချက်ချက်များကို ပြည်နယ်အ စိုးရအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သိ ရှိပြီး ကူညီဖြေရှင်းပေးနိုင်ရေး
ရည်ရွယ်ချက်များဖြင့် ပြုလုပ် ခြင်းလည်းဖြစ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်သည့် လွှတ် တော်ကိုယ်စားလှယ်များက ပြောဆိုသည်။

ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က “ ကျမတို့ကို ရွေးကောက်ထားတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် တွေကို ဘယ်ထောင့်၊ ဘယ်နေရာကနေ ဘယ်လိုပံ့ပိုး ဖြည့် ဆည်းပေးရမလဲဆိုတဲ့ စေတနာ
နဲ့အခုလို လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ အခုလို လာရောက် တွေ့ဆုံခိုက်မှာ အစိုးရကို ကိုယ် ပြောချင်တာပဲဖြစ်ဖြစ်၊ ကျမတို့ကိုယ်စားလှယ်တွေရဲ့ လိုအပ်ချက်တွေကို ပြောချင်တာပဲဖြစ်ဖြစ် ပွင့် ပွင့်လင်းလင်း
ပြောကြပါ။ ဒါမှလည်း ကျမတို့ လိုအပ်ချက်တွေကို ပြုပြင်လို့ရတယ်။ နောက်ပြီး အစိုးရအဖွဲ့တွေဆီပြန်ပြီး ညှိနှိုင်း ဖြေရှင်းပေးလို့ရမယ်” ဟု တွေ့ ဆုံပွဲတွင် ပြောကြားသွားသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ရပ်ကွက် နေပြည်သူ ၁ဝဝ ဦးခန့် တက်ရောက်ခဲ့ပြီး ၎င်းတို့မှ အစိုးရလုပ်ဆောင်ချက်များ၊ လွှတ်တော်
ဆောင်ရွက်ချက်များအား ချပြရှင်းလင်းမှုများ ပြု လုပ်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့အတူ ရပ်ကွက်နေပြည်သူများ ကြံုတွေ့ခံစားနေရသည့် မီးပြတ်သည့်ကိစ္စ၊ ရပ်ကွက်ရေမြောင်းတူးဖော်ရေးကိစ္စ၊ မီတာခ ကြွေး ကျန် ပြဿနာများ၊ ကျောင်းသားဘော်ဒါဆောင် အခွန်ကောက်သည့်ကိစ္စများ၊ အောင်
သံလွင်ဘောလုံးကွင်းအား အများပြည်သူ အားကစားပြုလုပ်နိုင်ရေးကိစ္စ စသည့်၎င်းတို့တွေ့ကြံုနေရသည့် အခြေအနေများနှင့် လိုလားချက်များကို တင်ပြခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲတက်ရောက်သူ ဖားအံမြို့၊ အမှတ် ၅ ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သည့် စောစိန်ထွေးက “ဒီလိုလုပ်ပေးတဲ့အလေ့အထက ဒေသခံတွေအတွက် အရမ်းကောင်းပါတယ်။ ဒီလိုပုံမှန်လုပ်ဖြစ်သွားရင်တော့ လွှတ်
တော်အမတ်တွေ မျှော်လင့်တဲ့အနေအထားကို ရောက်လာမှာပေါ့လေ။ သူတို့လည်း တတ်နိုင်သလောက်တော့ ပြန်လည်ဖြေကြားပေးကြပါတယ်။ ဒီထက်အချိန်ပိုပေးနိုင်ရင်တော့ ပိုအဆင်ပြေပါတယ်” ဟု ပြောသည်။

ထို့အပြင် ယခုပြုလုပ်သည့် အလားတူတွေ့ဆုံပွဲများကို ပုံမှန်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။