နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်ချုပ်နှင့် UNFC တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်း

...

နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်ချုပ်နှင့် UNFC တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်း

The Irrawaddy, 13 Dec 2017

URL: https://www.irrawaddy.com/news/burma/unfc-seeks-talks-with-state-counselor-army-chief.html
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုသည် ယခုလတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့်တွေ့ဆုံဆွေးနွေးရန်
တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းရေးညှိနှိုင်းမှုများနှင့်ပတ်သတ်၍ မဆုတ်သာမတိုးသာဆွေးနွေးမှုများကို ပြန်လည်သုံးသပ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်မတ်လတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီဖြစ်သောကြောင့် အဖွဲ့အတွက် အဆိုပြုထားသည့် အစည်းအဝေးသည် ဒုတိယအကြိမ်ဖြစ်လာမည်
ဖြစ်သည်။

DPN သည် နိုဝင်ဘာလလယ်၌ အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ၎င်းတို့နောက်ဆုံးအကြိမ် တရားဝင် တွေ့ဆုံ အစည်းအဝေးပြုလုပ်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်
ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံရန် ဦးစွာအဆိုပြုခဲ့သည်။

ခွန်ဦးရယ်ဦးဆောင်သည့် DPN ခေါင်းဆောင်များသည် မတ်လ(၁၀)ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံခဲ့ပြီးနောက် အဖွဲ့ပြောရေးဆိုခွင့်ရှိသူမှ အစည်းအဝေးသည် အောင်မြင်မှုရှိ
ကြောင်း ပြောခဲ့သည်။

သို့သော်လည်း အကျပ်အတည်းအခြေအနေများသည် ဖြေရှင်းနိုင်မှုမရှိသေးပဲ အဖွဲ့အနေနှင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလတွင်ကျင်းပမည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ NCA
လက်မှတ်ရေးထိုးရန် အလားအလာရှိဟန်မတူပေ။

ဧရာဝတီမှ အစိုးရငြိမ်းချမ်းရေးညှိနှိုင်းသူများကို တနင်္လာနေ့တွင် ဆက်သွယ်မေးမြန်းခဲ့ပြီး DPN သည် နိုင်ငံတော်အတိုင်ပင်ခံနှင့် မတ်လတွင် တွေ့ဆုံခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့အနေနှင့်
အစည်းအဝေးနှင့်ပတ်သတ်၍ မှတ်ချက်မပေးနိုင်ကြောင်းပြောကြားခဲ့သည်။