(၆ ၆) ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား လွိုင်ကော်တွင် ကျင်းပမည်
The Global New Light of Myanmar, 03 Jan 2018
(၆၆)ကြိမ်မြောက် ကယားပြည်နယ်နေ့ကို ကယားပြည်နယ်၊ လွိုင်ကော်ရှိ ကန္တာရဝတီကွင်းတွင် ဇန်နဝါရီလ(၁၀)ရက်နေ့မှ(၁၉)ရက်နေ့ထိ အခမ်းအနားကျင်းပရန် စီစဉ်ထားသည်။
အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အလှပြိုင်ပွဲများ၊ စက်ဘီးစီးပြိုင်ပွဲများ၊ မာရသွန်အပြေးပြိုင်ပွဲများနှင့် ရိုးရာအားကစားပြိုင်ပွဲများ၊ အစားအစာမှသည် လက်မှုပစ္စည်းများစသည်ဖြင့် အစီအရီခင်းကျင်းပြသထားမည်ဖြစ်သည်။ ပျော်ပွဲရွှင်ပွဲပြုလုပ်သူများမှ ကျော်ကြားသောရိုးရာဖျော်ဖြေရေးအဖွဲ့များ၊ တေးသီချင်းနှင့်အကများ၊ ဟာသများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်
သည်။
The Emperor the Three နှင့်Iron Cross စသည်ဖြင့် နာမည်ကျော်ကြားသည့် ဂီတအဖွဲ့များဖြင့် အခမ်းအနားတွင် ဖျော်ဖြေသွားမည်ဖြစ်သည်။